“အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏နေအိမ်အနီးတွင် ပိုင်ရှင်မဲ့ မသင်္ကာဖွယ်ရာ ဒရုန်းတစ်စင်း တွေ့ရှိခဲ့ရပြီး ဒေလီ ရဲတပ်ဖွဲ့ များက စုံစမ်းစစ် ဆေးမှုများ ပြုလုပ်နေ”

ဇူလိုင် ၃

ယနေ့ ဇူလိုင် ၃ရက် တနင်္လာနေ့ နံနက်ပိုင်းက အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ အီန္ဒိယဝန်ကြီးချုပ် Narendra Modi ၏ နေအိမ်အနီးတွင် ဒရုန်းတစ်စင်း ပျံသန်းနေသည်ကို တွေ့ရှိခဲ့ ရကြောင်း ဒေသခံ မီီဒီယာများက ဖော်ပြပြောဆိုထားကြပြီး တရားဝင် ထုတ်ပြန်အစီရင်ခံစာများအရ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi အတွက် လုံခြုံရေးပေးနေသည့် အထူးကာကွယ် ရေးအဖွဲ့များမှ ဝန်ထမ်းများက ယနေ့ နံနက် ၅ နာရီခန့်တွင် ဒရုန်းတစ်စီးကို တွေ့ရှိခဲ့ရကြောင်း ကို ဒေလီရဲတပ်ဖွဲ့အား သတိပေး အကြောင်းကြားခဲ့ တာလည်းဖြစ်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နေအိမ်၏ အနီးတွင် ပျံဝဲနေသည့် အဆိုပါ မသင်္ကာဖွယ်အရာဝတ္ထု သို့မဟုတ် ဒရုန်းကို ဒေလီရဲတပ်ဖွဲ့များက စုံစမ်းစစ် ဆေးမှုများပြုလုပ်နေကြပါတယ်လို့ သတင်းဌာန များကဖော်ပြ ပြောဆ်ိုထား ကြပါတယ်။