“အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ တရုတ်နိုင်ငံ ခရီးစဥ်အပြီးတွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး က အမေရိကန် – တရုတ် နှစ်နိုင်ငံ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ အတွက် ပေကျင်းသို့ သွားရောက်လည်ပတ်မှုများပြုလုပ်သွားမည်”

ဇူလိုင် ၃

အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပေကျင်း(တရုတ်) နိုင်ငံ သို့ လာမည့် ဇူလိုင် ၆ ရက်မှ ၉ ရက်အထိ သွားရောက်မှာဖြစ်ပြီး တရုတ်အစိုးရ၏ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံမှုများ ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။

အဆိုပါ ခရီးစဥ်က်ို အမေရိကန်အစိုးရ၏ US Treasury website တွင် ဖော်ပြထား ပြီးလည်း ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး၏ တရုတ်နိုင်ငံသို့ ခရီးစဉ်သည် ပြီးခဲ့သည့်လက တရုတ်နိုင်ငံ၏ သမ္မတ ရှီနှင့် တွေ့ဆုံ မှုများပြုလုပ်ခဲ့သည့် Blinken ၏ ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာ တာလည်း ဖြစ်ပါတယ်။

အဆိုပါ ခရီးစဥ်တွင် Yellen က အမေရိကန် – တရုတ် နိုင်ငံတို့၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ် များအပြင် နှစ်နိုင်ငံ ဆက်ဆံရေး များတွင် စိုးရိမ်မှုများရှိနေသည့် နယ်ပယ်များအတွက် စီမံခန့်ခွဲနိုင်ရန် တရုတ်အစိုးရ နှင့် တိုက်ရိုက် ဆက်သွယ်ပြောဆိုနိုင်ရေး အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် အမေရိကန် – တရုတ် အတူတကွ လုပ်ဆောင်နိုင်မည့် အစီအစဥ်များကို ဆွေးနွေးသွားကြရန် မျှော်လင့်ထားကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ထား တာလည်းဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Yellen က လာမည့် ဇူလိုင် ၆ ရက်မှ ၉ ရက်အထိ တရုတ်နိုင်ငံ သို့ လာရောက်လည် ပတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် မီဒီယာ CCTV သတင်းဌာနက အတည်ပြု ပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။