ဇူလိုင် ၂
ယမန်နေ့ မွန်ူလွဲ ၁ နာရီခွဲအချိန်က မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းကျေးရွာအုပ်စု ၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်ရှိ ကျိုက်ထိုမြို့နယ်နှင့်ဘီးလင်းမြို့နယ်တို့ကြား ဆက်သွယ်ထားသော သံတံတား လုံခြုံရေးဂိတ်ကို အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ(၁)နှင့် PDF အကြမ်းဖက်သမားများပူးပေါင်း၍ ဒရုန်းဗုံး ၁၄ လုံးဖြင့်လာရောက်ပစ်ချတိုက်ခိုက်ခဲ့ပါသည်။ ထိုသို့ ဒရုန်းဗုံးဖြင့် လာရောက်ပစ်ချတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အလားတူ ယနေ့နံနက် ၇ နာရီဝန်းကျင် အချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ အင်းဂဘ်ိုကျေး ရွာသင်းချိုင်းအနီး ကျွဲကောခြံတွင် တပ်မတော်လုံခြုံရေးယာဥ်ကို အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ခြောင်းမြောင်းပစ်ခတ်သွားကြောင်း၊ခြောင်းမြောင်းပစ်ခတ်မှုကြောင့် စစ်သည် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုရက်ပိုင်းအတွင်း အကြမ်းဖက်သောင်း ကျန်းသူ KNU တပ်မဟာ(၁)နှင့် PDF အကြမ်း ဖက်သမားများပူးပေါင်း၍ ရန်ကုန် – မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ ကျုံအိတ်တံတားကို ဇွန်လ ၂၉ ရက်နေ့က ဖောက်ခွဲဖျက်ဆီးခဲ့ပြီး လာရောက် စစ်ဆေးကြည်ရှုသော တာဝန်ရှိသူများနှင့်လုံခြုံ ရေးအဖွဲ့များကို Drop Bomb ဖြင့် တိုက်ခိုက်ခဲ့ပါသည်။ ၎င်းအပြင် ဇွန်လ ၂၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်အတွင်း ရန်ကုန် – မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် Drop Bomb ဖြင့်လည်းကောင်း၊ ဆွဲမိုင်းဖြင့် လည်းကောင်းတိုက် ခိုက်ခဲ့ပါသည်။
၎င်းနောက် ယမန်နေ့က NUG ပြည်ပြေးအကြမ်း ဖက်ခေါင်းဆောင်များ၏ လက်ဝေခံ ပြည်တွင်း လူသတ်အကြမ်းဖက် လက်နက်အဖွဲ့ဖြစိသည့် တောင်းပိုင်းစစ်ဒေသ၊အမှတ်(၂)စစ်ဒေသခွဲ အမည်တပ်ပြီး ”မွန်ပြည်နယ်အတွင်းရှိ ရန်ကုန် – မုတ္တမ ၊ ရန်ကုန် – ဘားအံ လမ်းပိုင်းများအား
နေ့စဉ် ည ၆ နာရီ မှ နံနက် ၆ နာရီအတွင်း သွား လာခြင်း မပြုလုပ်ရန်” အသိပေးထုတ်ပြန်ချက် ထုတ်ပြန်လာသည်ကို တွေ့ရပါသည်။
ထိုကဲ့သို့ အခြေအနေများကြောင့် ဒေသခံပြည်သူများ၊ ၎င်းနယ်မြေအတွင်း ဖြတ်သန်းသွားလာကြရသည့် ခရီးသွား ပြည်သူ့လူထုအနေဖြင့်စိုးရိမ်ပူပန်းမှုများရှိနေကြကြောင်း၊ အဆိုပါ နယ်မြေအတွင်း အကြမ်းဖက်သောင်းကျန်းသူများကို အမြန်ဆုံးရှင်းလင်းပြီး စိတ်အေးချမ်းသာစွာ ခရီး သွားလာလိုကြကြောင်း ပြည်သူများမှ လိုလားလျှက်ရှိကြောင်း သိရသည်။
#PAN