“ဆော်ဒီ သည် နိုင်ငံအတွင်း ရေနံထုတ် လုပ်မှုပမာဏများ ပိုမိုလျှော့ချလာ”

ဇူလိုင် ၂

ဆော်ဒီအာရေဗျနိုင်ငံသည် ယခု ဇူလိုင်လ အတွင်းနိုင်ငံအတွင်း ရေနံထုတ်လုပ်မှု ပမာဏများ၏ တစ်ရက်လျှင် ရေနံစည်ပေါင်း ၁ သန်းထိ ထုတ်လုပ်မှုများကို လျှော့ချသွား မှာဖြစ် ပါတယ်။

ဆော်ဒီ နိုင်ငံသည် ဇူလိုင်လအတွင်း တစ်ရက်လျှင် ရေနံစည်ပေါင်း ၁ သန်း ထိ ထုတ်လုပ်မှုကို ဖြတ်တောက်သွားမည်ဖြစ်ပြီး၊ အဆိုပါ လျှော့ချရန် အစီအစဥ်ကို အစောပိုင်း ကာလများတွင် ဆုံးဖြတ်ခဲ့ ကြတာလည်း ဖြစ်ပါတယ်။

ထို့ကြောင့် ဇူလိုင်လတွင်ဆော်ဒီ နိုင်ငံ၏ စုစုပေါင်းထုတ်လုပ်မှုများ၏ ဖြတ်တောက် မှုပမာဏသည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁.၅သန်းရှိမည်ဖြစ်ပြီး ထုတ်လုပ်မှု အဆင့်သည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၉သန်းခန့်သာ ရှိတော့ မှာလည်းဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယားက ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် OPEC+ အစည်းအဝေးတွင် ယင်းဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ဆော်ဒီနိုင်ငံ ၏စွမ်းအင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ် တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဆော်ဒီသတင်းအေဂျင်စီတစ်ခုက အစီရင်ခံ တင်ပြခဲ့တာလည်းဖြစ်ပါတယ်။