မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီ တိုင်း၊ ရေဖြူမြို့နယ်အတွင်းတွင် KNU / KNLAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့က တပ်မဟာ (၈) အမည်ဖြင့် တပ်မဟာအသစ် တစ်ခုဖွဲ့စည်းကြောင်း သတင်းများထွက်ပေါ်

ဇွန် ၂၉

         မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီ တိုင်း၊ ရေဖြူမြို့နယ်အတွင်းတွင် KNU / KNLA
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က တပ်မဟာ (၈) အမည်ဖြင့် တပ်မဟာအသစ် တစ်ခုဖွဲ့စည်းခဲ့
ကြောင်း၊ ထိုတပ်မဟာအသစ်၌  KNU တပ်ရင်း ၂၇/၂၈/ ၉၉ သုံးရင်းနှင့်အတူ ပြည်ပြေးအကြမ်း ဖက်အဖွဲ NUG  လက်အောက်ခံအင်အား၅၀၀ခန့်ရှိ PDF ကျားဖြူစစ်ကြောင်း ၊ ဒေါနစစ်ကြောင်း ၊ နဂါးနီစစ်ကြောင်း ၊ တောင်ညိုစစ်ကြောင်း စသည့် စစ်ကြောင်း ၄ ကြောင်းပူးပေါင်းထားကြောင်း သတင်းများ ထွက်ပေါ်နေကြောင်း သိရပါသည်။

      ၎င်း တပ်မဟာ(၈)၏နယ်မြေမှာ မြောက်
ဘက်နယ်နိမိတ် ဘုရားသုံးဆူတောင်ခြေ၊ တောင်
ဘက်နယ်နိမိတ် တနင်္သာရီတိုင်းအစပ်အထိဖြစ်ကြောင်း၊ ၎င်းတို့သည်  စကခ(၁၉)ကို ဦးတည်တိုက်ခိုက်ရန်ဖြစ်ကြောင်း၊ တပ်မဟာ(၈) ဌာနချုပ်ကို ထိုင်းနယ်စပ် ရေးချောင်းဖျား၌ တည်ဆောက်လျှက်ရှိကြောင်း၊ တပ်မဟာ(၈)နေရာဟု သတင်းထွက်ပေါ်နေသော နေရာသည် KNU တပ်မဟာ(၄) နှင့် တပ်မဟာ(၆) နယ်နိမိတ်ဆက်စပ်နယ်မြေတွင်ဖြစ်ကြောင်း သိရပါသည်။

     ”အဲဒီ တပ်မဟာ(၈)လို့ ၎င်းတို့သတ်မှတ်ထားသော တပ်ရင်းများနှင့် စစ်ကြောင်းများဟာ  ကော့ကရိတ်တောင်ခြမ်းမှာ အခြေပြုလူပ်ရှားတဲ့ စစ် ကြောင်းနဲ့ ကြာအင်းဆိပ်ကြီးဘက်ကစစ်ကြောင်းတွေဘဲဖြစ်တယ်၊ တပ်မတော်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကော့ကရိတ်တောင်ဘက်မှာ အခြေပြုလူပ်ရှားလို့မရတော့လို့ ကော့ကရိတ်တောင်ဘက် ကျိုက်ဒုံ အစပ်ဘက်ကနေ ရေးဘက်ကို နယ်မြေပြောင်းသွားကြတာဖြစ်တယ်” KNU နှင့်နီးစပ်သူတစ်ဦးက PAN သို့ ပြောကြားလာခဲ့ပါသည်။

     နဂါးနီနှင် တောင်ညိုစစ်ကြောင်း နှစ်ခုက ကြာအင်းဆိပ်ကြီးနယ်မြေမှာ အခြေပြုလူပ်ရှားခဲ့တဲ့
စစ်ကြောင်းများဖြစ်ပြီး ဒေါနစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းက ကော့ကရိတ်တောင်ဘက်ခြမ်းမှာ အခြေပြုလှုပ်ရှားခဲ့တဲ့စစ်ကြောင်းဖြစ် ကြောင်း၊ ၎င်း စစ်ကြောင်း ၄ ခုပေါင်းပြီး စောရန်နိုင်(ခ) စောနယ်ဒါးထူးက ခေါင်းဆောင်ကာ ရေးဘက်တွင် တပ်မဟာ(၈)အဖွဲ့ဆိုပြီးသွားလူပ်ရှားနေကြခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

        ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ (၁၇) ကြိမ်မြောက် ညီလာခံအပြီးမှာ KNU ခေါင်းဆောင်းပိုင်း အပြောင်းအလဲပြုလုပ်ပြီးနောက် တပ်မတော်နှင့် အပစ်အခတ်ရပ်ဆဲခဲ့သည့် NCA လမ်းကြောင်းကို သွေဖယ်မည့်အသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ပြီးနောက် ယခုလို KNU တပ်မဟာ(၈)ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ အတည်မပြုနိုင်သေးသော သတင်းအရတပ်မဟာ(၈) ခေါင်းဆောင်းဖြစ်သူ စောရန်နိုင် (ခ) စောနယ်ဒါးထူး သည် ယခင် KNU ဥက္ကဌဟောင်း မူတူးစေးဖိုး၏ ကိုယ်ရေးအရာရှိ လုပ်ခဲ့ဘူးသူဖြစ်ကြောင်း သိရပါသည်။

#PAN