တရုတ်နှင့်ကုန်သွယ်မှု တန်ဖိုးက ၁.၅ ဘီလီယံကျော်အထိရှိပြီး နှစ်လအတွင်း အများဆုံးကုန်သွယ်ခဲ့

ဇွန် ၃၀
     ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလနဲ့မေလမှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုအများဆုံး ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှု တန်ဖိုးက ၁.၅ ဘီလီယံကျော်အထိရှိတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက် အလက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်လအတွင်းမှာ တရုတ်နိုင်ငံကို ပို့ကုန်အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး တင်သွင်းခဲ့တာြဖစ်တယ်လို့ ဆိုပါတယ်။

      ဒုတိယအများဆုံးအနေနဲ့ကတော့ တာဂျစ်ကစ္စတန်နဲ့ ကုန်သွယ်မှုဖြစ်ပြီး ကုန်သွယ်မှုတန်ဖိုးစုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၉၄၀ ကျော်ရှိကာ စင်ကာပူနိုင်ငံနဲ့ ကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ ၇၉၄ သန်းကျော်နဲ့ တတိယ အများဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ ၂၃၈ နိုင်ငံနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#PAN