“ဆွီဒင်နိုင်ငံတွင် မွတ်စလင်ဘာသာ ကုရ်အာန်ကျမ်းကို မီးရှို့မှု ဖြစ်ပွားခဲ့ပြီးနောက် အီရတ်နိုင်ငံအတွင်းရှိ ရှီးယိုက် ဘာသာရေးအဖွဲ့များက ဆွီဒင်သံရုံးကို ဝင်ရောက် စီးနင်းမှုများပြုလုပ်ခဲ့ကြ”

ဇွန် ၃၀

အီရတ်နိုင်ငံတွင် သြဇာကြီးမားသော ရှီးယိုက် ဘာသာရေးခေါင်းဆောင် နှင့် နိုင်ငံရေး ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် Muqtada Sadr ၏ နောက်လိုက် အဖွဲ့ဝင် ရာပေါင်းများစွာက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ ဆွီဒင်သံရုံးကို ပြီးခဲ့သည့်ဇွန်လ ၂၉ရက် ကြာသပတေးနေ့က ဝင်ရောက် စီးနင်းမှု များပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြသူများသည် ဆွီဒင် သံရုံး အဆောက်အအုံ ကို ဖျက်ဝင်ကာ ၎င်းတို့၏ ခေါင်းဆောင် Sadr ၏ ရုပ်ပုံများနှင့် ပြည်သူ့စစ် Mahdi Army အဖွဲ့အစည်း၏ အလံများကို လွှင့်ထူခဲ့ကြပြီး ဆွီဒင်သံရုံးရှိ ဝန်ထမ်းများကို လုံခြုံရေးတပ် ဖွဲ့များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ ရကြောင်း အီရတ်လုံခြုံရေး အရာရှိတစ်ဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါ အရာရှိ က မီဒီယာကို ပြောခွင့်မရှိလို့ အမည်မဖော်လိုတဲ့အကြောင်းပြောဆိုခဲ့ပြီး ဆွီဒင်နိုင်ငံ၏မြို့တော် စတော့ဟုမ်းမြို့တွင် မကြာသေးမှီက ဖြစ်ပွားခဲ့သည့် မွတ်စလင် ဘာသာ ကုရ်အာန်ကျမ်းတော်မြတ်ကို မီးရှို့မှုဖြစ်ပွားခဲ့ ပြီးနောက် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ ဆွီဒင်သံရုံးကို ဆန္ဒပြသူများက ဖျက်စီး ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒေသခံ မီဒီယာများ၏ ဖော်ပြချက်အရ ဆန္ဒပြသူများက အဆိုပါ သံရုံးကို ဝင်ရောက်စီးနင်းမှုများ အပြီး ၁၅ မိနစ်ခန့်အကြာတွင် သံရုံးမှ ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့ကြကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။