“အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တွင် ရထား တစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်အချို့ ဒဏ်ရာများရရှိကာ ၁ဦးကို စိတ်ဒဏ်ရာအထူးကု စင်တာသို့ ပို့ဆောင်ခဲ့ရ”

ဇွန် ၂၉

အမေရိကန်နိုင်ငံ ကယ်လီဖိုးနိီးယားပြည်နယ် တောင်ဘက်ပိုင်းရှိ Moorparkမြို့ အနီးတွင် အစိုးရပိုင် Amtrakကုမ္ပဏီ၏ ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ပြီး​ ခရီးသည်များ သောင်တင်နေခဲ့ရတာဖြစ်ပါတယ်။

ဇွန်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ် နံနက် ၉ နာရီ ၅၇ မိနစ် ခန့်တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်တွင် ခရီးသည် ၂၀၀ နီးပါး တင်ဆောင်လာသည့် Amtrak ကုမ္ပဏီမှ ရထားတစ်စင်း ကယ်လီဖိုးနီးယား တောင်ပိုင်း တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ခရိုင်အစိုးရ၏ ရေတင် ထရပ်ကားတစ်စီးကို တိုက်မိခဲ့ပြီး လမ်းချော်မှုဖြစ်ပေါ်ခဲ့ကာ တိုက်မိခဲ့သော ထရပ်ကား၏ယာဉ်မောင်း မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့တာဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် Moorpark မြို့အနီးတွင် တိုက်မိမှုဖြစ်ပြီးနောက် ရထား၏ အတွဲ၇ခု အနက် ၃ခု မှာ လမ်းချော် သွားခဲ့ရကြောင်း အဆိုပါဒေသ၏ မီးသတ်ဌာန မှ ကပ္ပတိန် Brian McGrath က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ရထားပေါ်ရှိ လူ ၁၄ ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ဆေးရုံ သို့ပို့ဆောင်ခဲ့ရကြောင်း နှင့် ထရပ်ကား ဒရိုင်ဘာမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့ကာ စိတ်ဒဏ်ရာအထူးကု စင်တာသို့ ခေါ်ဆောင် သွားခဲ့ကြောင်း McGrath က ထပ်လောင်း ပြောကြားခဲ့ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *