အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲခြင်းကြောင့် ကျုံအိပ်တံတား ပြိုကျပျက်စီးနေသည်ကို မသိရှိဘဲ ယာဥ်ငယ်တစ်စီး အရှိန်ဖြင့်မောင်းနှင်လာစဥ် ထိုတံတားပေါ်မှ ပြုတ်ကျ၊ တစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရ

ဇွန် ၂၉

        ယနေ့ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲမှုကြောင့် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် ကျုံအိတ်တတံတားပျက်စီးမှု သတင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

     အဆိုပါ ကျုံအိပ်တံတားတွင်တံတား မိုင်းကွဲ ပျက်စီးနေသည်ကို သတိမပြုမိဘဲ ယာဥ်မောင်း ကိုစိုးမိုး(ခ) အပိန်လေး၊ သထုံမြို့နယ်၊ (ကိုယ်ရေးစိစစ်ဆဲ)မောင်းနှင်လာပြီး မြတ်မင်း၊ ၂၆နှစ်၊ (ဘ)ဦးအေးနိုင်၊ ၁၀/ ကထန(နိုင်) ၁၆၆၆၅၄၊ ဗမာ/ဗုဒ္ဓ၊ သထုံမြို့နေသူက ဘေးမှစီနင်းလိုက်ပါလာသော Honda Fit အဖြူရောင်ယာဉ်သည် သထုံမြို့နယ်ဘက်မှ မောင်းနှင်လာရာ ယနေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်ခန့် တံတားအရောက်တွင် ၎င်းယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ တံတားအောက်သို့ ပြုတ်ကျခဲ့ကြောင်းသိရပါသည်။

    ထိုသို့ တံတားအောက်သို့ ပြုတ်ကျမှုကြောင့် ယာဥ်မောင်းဖြစ်သူ အပိန်လေးမှာ ဝဲခြေကျင်းဝတ်ကျိုးဒဏ်ရာ၊ ယာခြေသလုံးပေါက်ပြဲဒဏ်ရာ၊ ယာဦးခေါင်းဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ယာပါးပွန်းခြစ်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ၎င်း၏ဘေးမှ စီးနင်းလိုက်ပါလာသော မြတ်မင်းမှာ ယာမျက်လုံး ဖူးယောင်ညိုမဲဒဏ်ရာ၊ ယာမျက်ခုံးအောက် ပွန်းခြစ်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်းနှင့် သေဆုံးသူနှင့် ဒဏ်ရာရသူတို့ကို လမ်းကြုံယာဉ်တစ်စီးမှ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN