“ရုရှားနိုင်ငံခြားရေးဝန်ကြီး က လာမည့် G20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံအား ဥက္ကဋ္ဌ အဖြစ် ဆက်လက် လုပ်ဆောင်နိုင်ရေးကို ထောက်ခံကြောင်း ပြောကြားခဲ့”

ဇွန် ၂၉

ဇွန်လ ၂၈ ရက် ကြာသာပတေးနေ့တွင် နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ကမ္ဘာ့ အဓိက နိုင်ငံများဖြစ်ကြသည့် GlobalMajority နိုင်ငံများမှ သံတမန်များ နှင့် G20 အဖွဲ့ဝင်နိုင်ငံများလည်းဖြစ်ကြသည့် အာဂျင်တီးနားနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ ၊ မက္ကဆီကိုနိုင်ငံ ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ တောင်အာဖရိက နိုင်ငံ နှင့် Türkiye နိုင်ငံ တို့မှ သံတမန် များ နှင့်အတူ ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ ကြပါတယ်။

လာမည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပမည့် The Group of Twenty (G20) နိုင်ငံများ ထိပ်သီး အစည်းအဝေး ပွဲကြီး ကို ပြင်ဆင်ခြင်းများ နှင့် ကျင်းပနိုင်ရေး များ အပေါ် အထူး အာရုံစိုက် ဆွေးနွေး မှုများပြုလုပ် ခဲ့ကြပြီး ကျင်းပ ပြုလုပ်မည့် G20 ထိပ်သီးအစည်း အဝေးပွဲတွင် အိန္ဒိယနိုင်ငံအား G 20 အဖွဲ့အစည်းကြီး၏ ဥက္ကဋ္ဌရာထူး သက်တမ်း တိုးရေးတို့ပါ ဆွေးနွေးခဲ့ ကြတာ လည်းဖြစ် ပါတယ်။

မကြာမှိီကျင်းပပြုလုပ်တော့မည့် G20 အစည်းအဝေးပွဲကြီးတွင် အိန္ဒိယနိုင်ငံကို ဥက္ကဋ္ဌ ရာထူးသက်တမ်းတိုးပေးနိုင်ရေးကို ရုရှားနိုင်ငံ က ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး Lavrovက အဆိုပါ အစည်းအဝေးပွဲတွင် အတည်ပြုပြောကြားခဲ့ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ များ အပြင် စားနပ်ရိက္ခာ နှင့် စွမ်းအင် ဖူလုံမှုများ အပေါ် အနောက်အုပ်စု၏ တရားမ၀င် ပိတ်ဆို့အရေး ယူမှုများ နှင့် အပျက်သဘောဆောင်သည့် အကျိုးသက် ရောက်မှုများကို ပါ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။