မြဝတီမြို့၊ရွှေမြစန္ဒီတိုးချဲ့ရပ်ကွက်ရှိ နေအိမ်မှ ရှေ့ထွက်မိုင်းနှင့် လက်လုပ်မိုင်းများတွေ့ရှိ သိမ်းဆည်းရမိ

ဇွန် ၂၉

        ​ကရင်ပြည်နယ်၊ မြဝတီမြို့၊ရွှေမြစန္ဒီတိုး
ချဲ့ရပ်ကွက်၊ ဇော်စိမ်း(၂)လမ်းနေသူ ဒေါ်အေးမြင့်သည် စစ်ဘေးရှောင်ရာမှ နယ်မြေအနည်းငယ်အေးချမ်းလာ၍နေရပ်အိမ်သို့ ယနေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် ပြန်လည်ဝင်ရောက်နေထိုင်ရန် သန့်ရှင်းရေးဆောင်ရွက်စဥ် အိမ်နောက်ဖေးထောင့်တွင် ကတ္ထူစက်ကူပုံးထဲ၌ ရှေ့ထွက်မိုင်း ၄ လုံးနှင့် ယမ်းအ​ပြည့်ထည့်ထားသော အရှည် ၃ လက်မခန့်ရှိ လက်လုပ်မိုင်း(ပိုက်တို) ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိရသဖြင့် တာဝန်ရှိသူများထံ သတင်းပို့ခဲ့ကြောင်း သိရှိရပါသည်။

     ၎င်းနောက် ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့လာရောက်စစ်​ဆေးကာ ၎င်းတို့မှတစ်ဆင့် တာဝန်ရှိသူများထံ ဆက်လက်အပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN