ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ အမေရိကန် ကမ်းခြေစောင့်ရေယာဉ်၏ ဖြတ်သန်းမှုကို တရုတ်နိုင်ငံက ခြေရာခံလိုက်ကြောင်း ပြောဆို

ဇွန် ၂၉

       ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ အမေရိကန်ကမ်းခြေစောင့်သင်္ဘောတစ်စင်း၏ဖြတ်သန်းသွားလာမှုကို ၎င်း၏ကမ်းခြေစောင့်တပ်က “ခြေ ရာခံ” ပြီး အပြည့်အဝ စောင့်ကြည့်ခဲ့ကြောင်း ကြာသပတေးနေ့တွင် တရုတ်နိုင်ငံက ကြေညာခဲ့သည်။

       တရုတ်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်  ရှိသူ Gan Yu က တရုတ်နိုင်ငံ၏ နိုင်ငံတော် အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ရေကြောင်းဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် ၎င်းတို့၏ ကတိကဝတ်ကို အလေးပေး ပြောကြားခဲ့သည်။

    အမျိုးသားလုံခြုံရေး ကမ်းခြေစောင့်သင်္ဘော သည် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ နိုင်ငံ တကာဥပဒေများကို လိုက်နာသည့် ပုံမှန်ဖြတ်သန်းမှုပြုလုပ်ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်၏ အမှတ်(၇)ရေတပ်က အခိုင်အမာပြောဆိုခဲ့သည်။

Source; RT

#PAN