ရွှေဘိုမြို့နယ်၊တလိုင်းရွာအနီး၊ မဟာဗျူဟာလမ်းပေါ်၌ တပ်မတော်မှကွန်မန်ဒိုအဖွဲ့ က အထူးစီမံချက်ဖြင့် နယ်မြေရှင်းလင်း PDF အမည်ခံလူသတ်အကြမ်းဖက် ၁၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ သိမ်းဆည်းရမိ

ဇွန် ၂၈

     စစ်ကိုင်းတိုင်းဒေသကြီး၊ မတ္တရာမြို့ အနောက်ဘက်၊ဧရာဝတီမြစ် အနောက်ဘက်ကမ်း၊ ရွှေဘိုမြို့နယ်၊တလိုင်းရွာအနီး၊ မဟာဗျူဟာလမ်းပေါ်၌ တပ်မတော်မှကွန်မန်ဒိုအဖွဲ့ သည် အထူးစီမံချက်ဖြင့် နယ်မြေရှင်းလင်းစဥ် PDF အမည်ခံလူသတ် အကြမ်းဖက်များနှင့် ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

         ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားဖြစ်ရာမှ  PDF အလောင်း ၁၄ လောင်း၊ စနိုက်ပါ ၁ လက်၊ Type 81 ၇ လက်၊ KA 25 ၃ လက်၊ SIG Sauer P 320 ၁ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ အိုင်ကွန် ၆ လုံး၊ လက်လုပ်ဗုံး အများအပြားသိမ်းဆည်းရမိခဲ့ကြောင်းနှင့် ကွန်မန်ဒိုစစ်သည် ၁ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

     ထိုကဲ့သို့ ကွန်မန်ဒိုအဖွဲ့များကို ဖွဲ့စည်းပြီး PDF အမည်ခံလူသတ် အကြမ်းဖက်များ၏ စခန်းများ၊ဂိတ်များကို အလစ်အငိုက်ရယူ တိုက်ခိုက်ရန် စီမံချက်များ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

#PAN