ပခုက္ကူမြို့နယ်တွင် နယ်မြေလုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းစဥ် လူသတ်အကြမ်းဖက်PDF တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

ဇွန် ၂၈

           ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ၎င်းကျေးရွာအနီး အရောက်တွင် မသင်္ကာသူ ၁ ဦးအား စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့ရာ လုံခြုံရေးအဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ပါသည်။

    ထိုသို့ ပစ်ခတ်ဖမ်းဆီးရာ လူသတ်အကြမ်းဖက်
PDF (စိစစ်ဆဲ) တစ်ဦးကို လက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၁၅ တောင့်၊ လက်လုပ်မိုင်း ၂ လုံး တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN