“ကနေဒါနိုင်ငံအတွင်း လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် ချီကာဂိုဧရိယာမှာ အင်္ဂါနေ့က မီးခိုးငွေ့များအလွန် အုံ့ဆိုင်းနေပြီး လေထုအရည်အသွေး ကျဆင်းမှုများ ဖြစ်ပေါ်နေ”

ဇွန် ၂၈

ကနေဒါနိုင်ငံတွင် တောမီးများ လောင်ကျွမ်းမှုများ မှထွက်ရှိလာသော မီးခိုးများကြောင့် ချီကာဂိုမြို့ ၏ လေထု အရည်အသွေးသည် ကျန်းမာရေးနှင့် မညီညွတ်သော အဆင့်သို့ ရောက်ရှိ နေတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအတွင်းရှိ Wisconsinပြည်နယ်၊ Indianaပြည်နယ် တို့သည်လည်း အဆိုပါ သတိပေးချက်များတွင် ပါဝင်နေသော ပြည်နယ်များဖြစ်ပါတယ်။

ချီကာဂိုမြို့၏ မြို့ခံများအား အိမ်တွင်း၌သာနေကြရန် သို့မဟုတ် နှာခေါင်းစည်းများ ဝတ်ဆင်ထားကြ ရန် သတိပေးထားရပြီး ချိီကာဂိုမြို့အတွင်းရှိ မစ်ရှီဂန်ရေကန် တစ်လျှောက် ရေပန်းစား သောလမ်းများမှာ လူအသွားအလာ မရှိသလောက် ဖြစ်နေပြီး တိတ်ဆိတ် လို့နေပါတယ်။

အဆိုပါ အန္တရာယ်ရှိသော မီးခိုးငွေ့များသည် ချီကာဂိုမြို့၏ အရှေ့မြောက်နှင့် အနောက်အလယ်ပိုင်း နေရာများတွင် ရက်အတန်ကြာလေထုညစ်ညမ်းမှုများဖြစ်ပေါ် စေမှာဖြစ်ပြီး အာဏာပိုင်များက အမေရိကန်နိုင်ငံ Illinoisပြည်နယ်၊ Wisconsinပြည်နယ်၊ Indianaပြည်နယ်၊ Michiganပြည်နယ် နှင့် Minnesotaပြည်နယ်တို့၏ ဧရိယာများတွင်လည်း လေထုများသည် ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၂၇ရက် အင်္ဂါနေ့တွင် ထုတ်ပြန် ကြေညာ ခဲ့ကြတာလည်းဖြစ်ပါတယ်။