ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများမှ မြို့ပေါ်စာသင်ကျောင်းတွင် တက်ရောက်နေသော ကျောင်းသား/သူများကို လူသတ်အကြမ်းဖက်​သောင်းကျန်းသူ PDFများက NUG စာသင် ကျောင်းများတွင်သာ တက်ရောက်ရန်ခြိမ်‌ခြောက်ပြီး မြို့ပေါ် စာသင်ကျောင်းများတွင် ဗုံးဖောက်ခွဲမှုများပြုလုပ်

ဇွန် ၂၇

       ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့
နယ်၊ငါးဘတ်ကြီးကျေးရွာအုပ်စု၊ငါးဘတ်ကြီး
ကျေးရွာရှိ အ‌ခြေံပညာမူလတန်း(လွန်)ကျောင်း
တွင်ယနေ့ နံနက် ၄ နာရီခွဲအချိန်တွင် ကျောင်ဝန်း ခြံစည်းရိုးအတွင်း ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ခြံစည်းရိုးအနည်းငယ် ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း၊ အလားတူ လွန်ခဲ့‌သောသုံး‌လေးရက်ခန့် ကလည်း ရွှေကူမြို့၊အမှတ်(၄)ရပ်ကွက်၊ဘောဂဗလရပ်ရှိ ဘောဂဗလအ‌ခြေခံပညာအလယ်တန်းကျောင်းတွင် ညအချိန် ကျောင်းဝန်းအတွင်း ဗုံးများပစ်သွင်း တိုက်ခိုက်ခဲ့ရာ လူပစ္စည်းထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရပါသည်။

    ယခုရက်ပိုင်းအတွင်း ရွှေကူမြို့ပေါ် စာသင် ကျောင်းများတွင် မိုင်းခွဲမှုများ ရက်ဆက်ဖြစ်ပေါ်နေကြောင်း၊ ထို့အ​ပြင် ယခုရက်ပိုင်းအတွင်း ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် NUG စာသင်ကျောင်းများဖွင့်လှစ်ရန် လူသတ်အကြမ်း ဖက်သောင်းကျန်းသူ KIAနှင့် PDFများ ကလိုက် လံနှိုးဆော်နေပြီ မြို့ပေါ်ရှိ အစိုးရစာသင်ကျောင်းများတွင် ကျေးရွာများက ကျောင်းသား/သူများအား သွားရောက်စာမသင်ကြားရန်၊ မြို့ပေါ်ကျောင်းမှ နုတ်ထွက်ပြီး ၎င်းတို့ဖွင့်လှစ်သော ကျောင်းများတွင်သာ တက်ရောက်ရန်‌ ကျောင်း သားမိဘများကိုဖိအားပေး ခြိမ်‌ခြောက်ပြီး
ကျောင်းသာများ အ‌ကြောက်တရားဖြစ်အောင် ရိုက်နှက်မှုများ ရှိကြောင်း သိရှိရပါသည်။

        ယခုလို ကျောင်းသားမိဘများနှင့် ကျောင်း သား/သူများ ကြောက်လန့်ရန် မိုင်း‌ဖေါက်ကွဲမှုများ ပြုလုပ်ခြင်ကို ကျောင်းသားမိဘများကရှုံ့ ချကြောင်း၊ လောလောဆယ်တွင် ကျေးရွားများမှ မြို့ပေါ်ကျောင်းသို့ လာရောက်တက်နေသော ကျောင်းသားမဘများအနေဖြင့် စိုးရိမ်မှုများဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။

#PAN