ငါန်းဇွန်မြို့နယ်အတွင်းမှ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ အမျိုးသမီး တစ်ဦးကို PDF အမည်ခံလူသတ် အကြမ်းဖက် ၁၀ ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

ဇွန် ၂၇

       ယနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊ကုလကျေးရွာ အုပ်စု၊ကုလကျေးရွာနေ ဒေါ်ဌေးမြင့်၊၅၃နှစ်၊(ဘ)ဦးကျော်ညိမ်းသည် နေအိမ်၌ရှိနေစဥ် လူ သတ်အကြမ်းဖက် PDF ၁၀ ဦးက ဆိုင်ကယ် ၆စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ပါသည်။

      ထိုသို့သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်ဌေးမြင့်တွင် ဦးခေါင်း၊နောက်ကျော၊ပေါင်တို့၌ သေနတ်ထိမှန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

     အဆိုပါ သတ်ဖြတ်ခံရသူ ဒေါ်ဌေးမြင့် မှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူဖြစ်ကြောင်း သိရပါသည်။ NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ​ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေကြောင်း တွေ့မြင်နေရပါသည်။

#PAN