ဂန့်ဂေါမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် ညီအကို နှစ်ဦးကို PDF အမည်ခံ လူသတ်အကြမ်းဖက်များကဖမ်းဆီးသတ်ဖြတ်

ဇွန် ၂၇

          မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်၊ကုက္ကားကျေးရွာ​နေသူများဖြစ်ကြသော ဦးတင်ဦး၊ ၆၃ နှစ်၊တောင်သူ နှင့် ဦးသန်းဝင်း၊၅၀ နှစ်၊တောင်သူ တို့ ညီအစ်ကိုနှစ်ဦးသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ရွာအနောက်ဖက် ၃ မိုင်ခန့်အကွာ လယ်ကွင်းသို့ ထယ်ထိုးသွားစဥ် PDF အမည်ခံ လူသတ်အကြမ်းဖက်များကဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

        ဟံသာဝတီနှင့် ကုက္ကားပြည်သူ့စစ်များပူးပေါင်းကာ အလောင်းသွားရောက်ကောက်ယူပြီး ယနေ့တွင် မိသားစုများနှင့်အတူ သုဿန်သို့ပို့ဆောင် သင်္ဂြိုလ်ကြောင်း သိရပါသည်။၄င်းညီအစ်ကိုနှစ်ဦးသည် ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်သလို ပါတီအောင်နိုင်ရေးအတွက်ကြိုးပမ်းဆောင်သူပါတီဝင်များဖြစ်ကြောင်း၊ ၎င်းအပြင် ပြည်သူ့စစ်အဖွဲ့ဝင် ဦးညီထွေး ၏ အကိုများဖြစ်ကြကြောင်း၊ ကုက္ကားကျေးရွာသည်ပြည်သူ့စစ်အားကောင်းသောရွာဖြစ်သော်လည်း လက်နက်များ ထပ်မံဖြည့်ဆည်းတပ်ဆင်ပေးရန် လိုအပ်နေသေးကြောင်း၊ လူသတ်အကြမ်းဖက်များက ရိက္ခာများဖြတ်ထားသဖြင့် ရွာသူ၊ ရွာသားများအတွက်
အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရှိရပါ သည်။

#PAN