“အိန္ဒိယနိုင်ငံ Odishaပြည်နယ် တွင် ကြေကွဲဖွယ် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သတို့သား သတို့သမီးအပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့ရကာ လူ ၇ဦး ဒဏ်ရာရရှိခဲ့”

ဇွန် ၂၆

အိန္ဒိယနိုင်ငံ အရှေ့ဘက်စွန်းပိုင်း Odisha ပြည်နယ်တွင် ယာဥ်မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၁၂ဦး သေဆုံးခဲ့ရကာ လူ ၇ဦးထိ ဒဏ်ရာများရရှိခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇွန်လ ၂၅ရက် တနင်္ဂနွေနေ့ ညနေပိုင်းက ​အိန္ဒိယ အစိုးရပိုင် Odisha State Road Transport Corporation (OSRTC) မှ ဘတ်စ်ကားတစ်စီးနှင့် သတို့သား သတို့သမီး တို့ကို တင်ဆောင်လာသော ကိုယ်ပိုင်ဘတ်စ်ကားတို့ ခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် အမျိုးသမီး ၄ ဦးနှင့် အရွယ်မရောက်သေးသူ ကလေး၂ဦး အပါအဝင် ခရီးသည် ၁၂ ဦး သေဆုံးခဲ့ပြီး လူ၇ ဦး ထိ ဒဏ်ရာများရရှိခဲ့​ကြရတာလည်း ဖြစ်ပါတယ်။

အဆိုပါ ကြေကွဲဖွယ်ကောင်းသော ယာဥ်တိုက်မှုအဖြစ်အပျက်သည် အိန္ဒိယနိုင်ငံ ဘာဟမ်ပူမြို့ နှင့် တာပတာနီမြို့ ကြားရှိ လမ်းမပေါ်တွင်တည်ရှိသော Ganjam မြို့ငယ်လေးအနီးတွင် ဘတ်စ်ကား၂စီး တိုက်မိခဲ့မှုကြောင့် သေဆုံးမှု များဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တရားဝင် ပြောကြားထားတာဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့လည်း ပြောဆိုထားကြပါတယ်။