သဲကုန်းမြို့နယ်တွင် သာမန်ပြည်သူတစ်ဦးနှင့် နယ်ထိန်း ရဲဒုတပ်ကြပ် တစ်ဦးကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇွန် ၂၆

       ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ နတ္တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ဖောင်ကွေ့လမ်းစာကြည့်တိုက်အနီး လမ်းမပေါ်တွင် ယနေ့ နံနက် ၆နာရီ ၁၀မိနစ်အချိန်ခန့်က စိုးသက်အောင်၊၄၀နှစ်၊(ဘ) ဦးစိုးမြင့်၊ဝေါမြို့နေသူနှင့် ယောက်ဖဖြစ်သူ ရဲဒုတပ်ကြပ်ကျော်ကျော်စိုး(နယ်ထိန်း)တို့ကို လူသတ်အကြမ်းဖက်သောင်းကျန်း သူ PDF များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ စိုးသက်အောင် မှာ နေရာတွင်ပွဲခြင်းပြီးသေဆုံးခဲ့ကြောင်း၊ ရဲဒုတပ်ကြပ်ကျော်ကျော်စိုး မှာ စိုးရိမ်ရ ဒဏ်ရာရရှိပြီး ပြည်သူဆေးရုံး၊ကုတင်(၁၀၀)သို့  ပို့ဆောင်ကုသစဥ် နံနက် ၉ နာရီအချန်တွင် သေ ဆုံးသွားကြောင်း သိရှိရပါသည်။

      သေဆုံးသူ စိုးသက်အောင် သည် သာမန်ပြည်သူ တစ်ဦးသာဖြစ်ကြောင်း၊ ယောက်ဖဖြစ်သူ ရဲဒုတပ်ကြပ်ကျော်ကျော်စိုး(နယ်ထိန်း)သည် CDM ပြုလုပ်ပြီး ပြန်ဝင်လာသူဖြစ်ပြီး လက်ရှိဆင်မြီးဆွဲရဲစခန်းဝန်းအတွင်း နေထိုင်ကြောင်း၊ စိုးသက်အောင်က ဝေါမှ ဆင်​မြီးဆွဲသို့ ခတ္တပြန်လာစဥ် ယခုလို အကြမ်းဖက်သောင်းကျန်းသူ PDF များ၏ သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

#PAN