“ရုရှားနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည့် Wagner အမည်ရှိ ကြေးစားများ၏ ပဋိပက္ခ လုပ်ဆောင်ချက်များကို အခြေအနေတည်ငြိမ်နိုင်စေရန် ရုရှားအစိုးရ၏ ကြိုးပမ်းမှုများကို တရုတ်နိုင်ငံက ထောက်ခံကြောင်းပြောကြားခဲ့”

ဇွန် ၂၆

Wagner Group လို့ အမည်တွင်သော ပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီ (PMC) နှင့် ၎င်း၏ အကြီးအကဲဖြစ်သူ Yevgeny Prigozhin တို့၏ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ရုရှားအစိုးရဘနှင့် ပဋိပက္ခများတွင် ရုရှားနိုင်ငံအတွင်း တည်ငြိမ်စေရန် မော်စကို(ရုရှား) ၏ ကြိုးပမ်းမှုများကို ဘေဂျင်း(တရုတ်)နိုင်ငံက ထောက်ခံကြောင်း ပြောဆိုခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဇွန်လ ၂၅ရက် တနင်္ဂနွေနေ့တွင် တရားဝင် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဇွန် ၂၄ ရက် ကရုရှားနိုင်ငံအတွင်း ဖြစ်ရပ်များ နှင့် စပ်လျဉ်းပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခေါင်းဆောင်များ၏ ကြိုးပမ်းအား ထုတ်မှုများကို တရုတ်အစိုးရ ဘက်မှ ထောက်ခံကြောင်း ဖော်ပြပြောဆို ခဲ့ပြီး ရုရှားနိုင်ငံကြီး ပိုမို စည်းလုံးညီညွတ်ပြီး ပိုမိုသာယာဝပြောနိုင်ပါစေကြောင်း တရုတ် အစိုးရက တရားဝင် သဘောထား ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။

ရုရှားနိုင်ငံ၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Andrey Rudenko နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Qin Gang တို့ က ပြီးခဲ့သည့် ဇွန်လ ၂၅ရက် တနင်္ဂနွေနေ့က ပေကျင်း(တရုတ်) မှာ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ရုရှားဝန်ကြီးဌာနက မော်စကိုနှင့် ပေကျင်းတို့သည် နှစ်နိုင်ငံ ယုံကြည်မှုအခြေခံသော ဆက်ဆံရေးများဖြင့် ချည်နှောင်ထားကြောင်း လည်း ရုရှားနိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။

“နှစ်ဖက်စလုံးက ရုရှား-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ လက်ရှိအခြေအနေကို ချီးကျူးထားကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်ခိုင်မာအောင် ပူးတွဲကြိုးပမ်းမှုများ အတွက် အဆင်သင့်ဖြစ်နေကြ​ပါတယ်”လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထပ်လောင်း ပြောကြား ထားပါတယ်။