စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူသတ်အကြမ်း ဖက်သောင်းကျန်းသူ PDF အဖွဲ့များက မြို့ပေါ်၌ကျောင်းတက်နေသော ကျောင်းသူ/သားများကို ပြန်ခေါ်ရန် ခြိမ်းခြောက်အကြပ်ကိုင်

ဇွန် ၂၅

       ကန့်ဘလူမြို့နယ်၊ကန့်ဘလူမြို့ပေါ်ရှိ အစိုးရစာသင်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားကျောင်းသူများကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF ကြီးစိုးနေသည့် ကျေးရွာများဖြစ်သော ပိတောက်ပင်ရွာ၊ ပင့်သာကြီးရွာ၊ရှမ်းကုန်းရွာ၊ သင်တောရွာ၊ အင်ငုတ်တိုရွာ၊ နှောကုန်းရွာ၊ ကံကြီးရွာတို့မှ ကျောင်းသားမိဘများကို ခြိမ်းခြောက်အကြပ်ကိုင်သဖြင့် မိမိသားသမီးများကို ပြန်ခေါ်နေကြကြောင်းသိရှိရပါသည်။

        အလားတူ မင်းကင်းမြို့နယ်အတွင်းရှိသောကျေးရွာအများစုကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက လွှမ်းမိုးထားကြောင်း၊ ၄င်းကျေးရွာများတွင် နေထိုင်ကြသော ကလေးငယ်များ ပညာမသင်ကြားရသည်မှာ စာသင်နှစ် ၃ နှစ်ရှိပြီ ဖြစ်ကြောင်း၊ ယခုစာသင်နှစ်တွင် အချို့ကျေးရွာများမှ ကျောင်းသား/ကျောင်းသူများသည် မင်းကင်းမြို့ပေါ် တွင်အိမ်ဌားနေထိုင်ပြီး အထက်တန်းကျောင်းသို့ လာရောက် ကျောင်းတက်ကြကြောင်း၊​ ယခုအခါကျေးရွာနေ ကျောင်းသားမိဘများကို အကြမ်း ဖက် PDF များက ကျောင်းသား/သူများကို ပြန်ခေါ်ရန် ခြိမ်းခြောက်အကြပ်ကိုင်ရန်ရှာနေ၍ ကျောင်းသား/ကျောင်းသူ ၁၀၀ ခန့် မိမိရပ်ရွာသို့ ပြန်သွားကြရကြောင်း သတင်းရရှိပါသည်။

    တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာ ရှင်တော်လှန်ရေး အမည်ခံထားသော်လည်း ၎င်းတို့အာဏာဆုံးရှုံးမှုကြောင့် တိုင်းပြည်ကို အလုံစုံပျက်သုဥ်းရေးစီမံချက်အတိုင်း တိုင်းပြည်၏ အနာဂါတ် လူငယ်များ၏ လူညွှန်တုံးစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

#PAN