သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာရှိ ကမ်းခြေ၌ ဘင်္ဂါလီလူမျိုး ၂ ဦး ဖမ်းဆီးရမိ

ဇွန် ၂၅

      ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မွန် ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာရှိ ကမ်းခြေ၌ ဘင်္ဂါလီလူမျိုး ၂ ဦး ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေခံလုံခြုံရေးပူး ပေါင်းအဖွဲ့တို့က သွားရောက်ရှာဖွေခဲ့ရာ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ၊ စက်စဲကမ်းခြေဧည့်ရိပ်သာအနီးရှိ ရာဘာတောအတွင်း၌ အမ်ဆာဟူလာ(ကျား) ၃၀နှစ်၊(ဘ) နော်ဇာအလီ၊ မော့ဟတ်ကလီကျေး ရွာ၊ ကော့ပဇာခရိုင်၊ ဘင်္ဂလားဒေ့နိုင်ငံနေသူနှင့် နိုလ်ဘေကွန်(မ)၊၃၀နှစ်၊(ဘ) ဇောအာလီ၊ဘူးသီးတောင်မြို့၊ရခိုင်ပြည်နယ်နေသူ တို့ ၂ ဦးကို ရှာဖွေ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

      အဆိုပါ ဘင်္ဂါလီလူမျိုး ၂ ဦးကို ကျိုက္ခမီနယ် မြေရဲကင်းစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သည့်စစ်ဆေးမေးမြန်းခြင်းများဆောင် ရွက်လျက်ရှိကြောင်း၊ လဝကဥပဒေဖြင့် အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နှင့်ဘင်္ဂါလီလူမျိုးများ ထပ်မံဖမ်းဆီးရမိနိုင်ရေးအတွက် ပူးပေါင်းအဖွဲ့တို့က နယ်မြေရှင်းလင်းရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN