စေတုတ္တရာမြိုနယ်အတွင်းရှိ ချီကျေးရွာတွင်လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က တပ်/တပ်အမာခံများဖော်ထုတ်စစ်ဆေး၊ရွာသူ/သားများကို PDF သင်တန်းအား မဖြစ်မနေတက်ရောက်ရန်ပြောကြား

ဇွန် ၂၅

       ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး ၊ စေတုတ္တရာမြိုနယ် ၏မြောက်ဘက်(၁၁) မိုင်ခန့်အကွာရှိ  ချီကျေးရွာသို့ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့မှ ခေါင်းဆောင် ဝင်မြင့်ထွေး(ခ)မောင်ထွေး ဦးစီး အင်အား ၇၀ ဦးခန့် ဝင်ရောက်လာပြီး ကျေးရွာ စာသင်ကျောင်းတွင် လူကြီး၊လူငယ် ကျား/မ များအားခေါ်ယူ၍ တပ်/တပ်အမာခံများဖော်ထုတ်စစ်ဆေးခဲ့ကြောင်း၊ အသက် ၁၅ နှစ်မှ ၄၅ နှစ် အတွင်းရှိ သူများ PDF သင်တန်းအား မဖြစ်မနေတက်ရောက်ရန်ပြောကြားခဲ့ကြောင်း၊တပ်မ တော်အစိုးရအား တွန်းလှန်တိုက်ခိုက်ရန်ရှိနေ၍ ပြည်သူများက ပူးပေါင်းပါဝင်မှ အောင်နိုင်မည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    ထို့အပြင် ကျေးရွာအတွင်း တပ်/ရဲ အမာခံများမရှိစေရေးနှင့် သတင်းပေးဆောင်ရွက်မှုများမရှိစေရေးပြောကြားခြင်းများပြုလုပ်ပြီး ခေါင်ဆောင် ဝင်းမြင့်ထွေးမှ မသင်္ကာသူများကို ဖမ်းဆီးနှိပ်စက်၊စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးချက်အရသိရှိရပါသည်။

     စေတုတ္တရာမြို့၊  ကပစ(၂၀)မှ ခွေးမလောင်ကျေးရွာတွင်အခြေပြု လှုပ်ရှားလျက်ရှိသော နယ်မြေခံ လုံခြုံရေးအဖွဲ့အခြေပြုလျှက်ရှိသည့် ခွေမလောင်ကျေးရွာနှင့် အကြမ်းဖက်အဖွဲ့များရောက်ရှိနေသော ချီကျေးရွာသည် ၄.၈ မိုင်ခန့်အကွာဝေးရှိကြောင်း သတင်းရရှိပါသည်။

#PAN