စစ်​ကိုင်းမြို့နယ်အတွင်း လူသတ်အကြမ်းဖက် PDF များကို လက်နက်ခဲယမ်းများနှင့် အတူ အသေဖမ်းဆီးရမိ

ဇွန် ၂၅

      စစ်​ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊
ဆား​တောင်​ဈေးသို့ လူသတ်အကြမ်းဖက် PDF ၂ ဦး ယနေ့ နံနက်​ ၈ နာရီအချိန်ခန့်တွင် ဈေးဝယ်​လာသည်​ကို သတင်းရ၍ နယ်မြေခံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်​ ပြည်​သူစစ်​ ၂ ဦးက ချက်​ချင်းသွား​ရောက်​ရှင်းလင်းခဲ့ရာ ၎င်းအကြမ်းဖက် PDF ၂ ဦးကို အ​သေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ AK 47 နှင်​ကျည် ၁၀၀ တောင့် တို့ကိုပါ သိမ်းဆည်းရမိခဲ့ပါသည်။

       အလားတူ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ရွာသစ်​ကြီးတိုက်​နယ်​၊ကိုင်းပြင်ကျေးရွာ၊ကင်း​တော်​ကျေးရွာအနီးရှိ လူသတ်အကြမ်းဖက် PDF စခန်းကို နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်သောင်း ကျန်း သူ PDF ၁၂ ဦး အသေဖမ်းဆီးရမိပြီး လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါသည်။

       သိမ်းဆည်းရမိသည့် လက်နက်၊ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများမှာ ၁၂၀ လက်လုပ်စိန် ပြောင်း ၁ လက်၊ ၈၁ မမ လက်လုပ်စိန်ပြောင်း ၁ လက်၊ ၆၀ မမ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်စိန်ပြောင်း အတို ၁ လက်၊ လက်လုပ်သေနတ် သံကိုယ်ထည်  ၆ လက်၊ လက်လုပ်သေနတ်ပြောင်းချော ၃ လက်၊ လက်လုပ်သေနတ်အဲဂန်း ၁ လက်၊ လက်လုပ်သေနတ်(အတို. 22) ၂ လက်၊ စိန်ပြောင်းဗုံးသီးမျိုးစုံ ၃၀ လုံး၊ စိန်ပြောင်းဗုံးသီးကိုယ်ထည်နှင့်ဆက်စပ်ပစ္စည်းများ၊ ကားဆွဲမိုင်းအကြီး ၆ လုံး၊ ကားဆွဲမိုင်းအသေး ၁၃ လုံး၊လက်လုပ်မိုင်းမျိုးစုံ ၂၆ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁ လုံး၊ ယမ်း ၃ ပိသာတို့ ပါဝင်ကြောင်း သတင်းရရှိပါသည်။

#PAN