အမရပူရမြို့နယ်၊ရွှေကြက်ယက်ကျေးရွာ၊ နှာ ပေါက်စစ်ဆေးရေးဂိတ်တွင် ကာလတန်ဘိုး ကျပ်သိန်း ၂၅၀ ခန့်ရှိ ယမ်းကြိုးခွေများကို တရားခံများနှင်အတူ ဖမ်းဆည်းရမိ

ဇွန် ၂၄

      ယမန်နေ့ ည ၁၁ နာရီ ၄၅ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ရွှေကြက်ယက်ကျေးရွာ၊နှာပေါက်စစ်ဆေးရေးဂိတ်၌ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ ယာဥ်ပိတ်ဆို့ စစ်ဆေးဆောင်ရွက်စဥ် စစ်ကိုင်းဘက်မှမန္တလေးဘက်သို့ ယာဥ်မောင်းကျော်မျိုးထွန်း(ခ)ကျော်ကြီး၊၃၅နှစ်၊(ဘ)ဦးဝင်းမောင်၊တဲကုန်းကျေးရွာ၊ပုသိမ်ကြီးမြို့နယ်နေသူ မောင်းနှင်လာသည့် MDY-14၊BF/9503၊NISSAN အမျိုးအစား ၁၂ဘီး အဖြူရောင်ယာဥ်အား ရပ်တန့်စစ်ဆေးခဲ့ရာ တရားမဝင် အဝါရောင်/ပန်းရောင် ယမ်းကြိုးခွေများ သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

      ဖြစ်စဥ်အား ဆက်လက်စစ်ဆေးရာ ယမ်းကြိုးခွေများ၏ ပိုင်ရှင်မှာ အောင်ကျော်သူဖြစ်ကြောင်း သိရှိရ၍ ယာဥ်မောင်းကျော်မျိုးထွန်းအား အောင်ကျော်သူ၏ ဖုန်းအမှတ် ၀၉-၂၀၅၆၇၀၉ သို့ဆက်သွယ်ခိုင်းပြီး မြစ်ငယ်၊စွယ်တော်ကားကြီးကွင်းအနီး စောင့်ဆိုင်းနေစဥ် ယာဥ်အမှတ် MDY-17၊3F/5178 အစိမ်းပုတ်ရောင်ယာဥ်ဖြင့် ယမ်းကြိုးများပိုင်ရှင်ဖြစ်သူ အောင်ကျော်သူ(ခ)ကျော်ဦး(ခ)ဗိုလ်လေး၊၄၃နှစ်၊(ဘ)ဦးသန်းရွှင်၊ပင်လယ်ကြီးကျေးရွာ၊လက်ပန်လှအုပ်စု၊စဥ့်ကူးမြို့နယ်နေသူ၊အောင်ကျော်ထူး(ခ)ဝေမိုး၊၄၁နှစ်၊ပင်လယ်ကြီးကျေးရွာ၊စဥ့်ကူးမြို့နယ်နေသူ၊ကျော်ကျော်ထွန်း၊၃၈နှစ်၊(ဘ)ဦးဝင်းအောင်၊ပင်လယ်ကြီးကျေးရွာ၊လက်ပန်လှအုပ်စု၊စဥ့်ကူးမြို့နယ်နေသူတို့ ၃ ဦးတို့ကို ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

       ယခုဖြစ်စဥ်တွင် အဝါရောင်ယမ်းကြိုးခွေ၊၇၅၀ပေ၊ကာလတန်ဘိုး သိန်း၆၀ခန့်၊ပန်းရောင် ယမ်းကြိုးခွေ ၇၅၀ပေ၊ကာလတန်ဘိုး သိန်း ၁၉၀ ခန့်၊ စုစုပေါင်း ကာလတန်ဘိုး ကျပ်သိန်း ၂၅၀ ဘိုးကို သိမ်းဆည်းရမိခဲ့ပြီးဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

#PAN