ယူကရိန်းအတွက် ယူရိုငွေ 50 ဘီလီယံ ထောက်ပံ့ရေး အဆိုပြုချက်ကို EU ပြင်ဆင်နေ

ဇွန် ၂၄

       ဥရောပသမဂ္ဂသည် ယူကရိန်းအတွက် ယူရိုငွေ ဘီလီယံ ၅၀ (ဒေါ်လာ ၅၅ ဘီလီယံ) ခန့်ရှိသော ကြီးမားသော ငွေကြေးအကူအညီကို အဆိုပြုရန် စီစဉ်ထားသည်ဟု ၎င်းအစီစဥ်နှင့်နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကား၍ Bloomberg က ဖော်ပြသည်။

      ဥရောပကော်မရှင်က ပြင်ဆင်သည့် အဆိုပြုချက်သည် ယူကရိန်း၏ လတ်တလော ပြန်လည်တည်ဆောက်ရေး လိုအပ်ချက်များအတွက် ရန်ပုံငွေထောက်ပံ့ရန်နှင့် ရုရှားအပေါ် ကိယက်ဗ်၏ အငြင်းပွားဖွယ်ရာ တန်ပြန်ထိုးစစ်များကြားတွင် ၎င်း၏ အစိုးရအသုံးစရိတ်များကို ပံ့ပိုးပေးရန် ရည်ရွယ်ထားသည်။

      အဆိုပြုချက်၏ နောက်ဆုံးမူကြမ်းသည် အလားအလာရှိသော ပြုပြင်မွမ်းမံမှုများအပေါ် မူတည်ဆဲဖြစ်ပြီး အင်္ဂါနေ့တွင် ထုတ်ပြန်မည်ဖြစ်သည်။

#PAN