ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် သရက်ပင် လဲပြိုမှုကြောင့် အသက် ၁၉ နှစ်အရွယ်လူငယ် တစ်ဦး သစ်ပင်ပိပြီး စိုးရိမ်ရ ဒဏ်ရာရ

ဇွန် ၂၄

       ယနေ့ ညနေ ၄ နာရီ ၂၀မီးနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သရက်ပင်မှာ မိုးသဲထန်စွာရွာသွန်းမူကြောင့် လဲပြိုခဲ့ကြောင်း သတင်းအရ ထွေအုပ်၊  မီးသတ်၊ရဲ၊စည်ပင်၊ ပရဟိတအဖွဲ့နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှ သွားရောက်ရှင်းလင်းခဲ့ကြောင်းသိရပါသည်။

   အဆိုပါသစ်ပင်ပြိုလဲမှုကြောင့် ကောင်းခန့်သူ၊၁၉ နှစ်၊(ဘ)ဦးတင်ပိုး၊ မင်္ဂလာ(၁)လမ်း၊ ဦအောင်ဇေယျရပ်ကွက်၊ ဥက္ကံမြိုနယ်နေထိုင်သူမှာ အင်ယျာလမ်းမှ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း လမ်းလျှောက်လာစဥ် သစ်ပင်ပိခဲ့၍ ဘယ်ဘက်ပေါင်ရင်းမှ ကျိုးကြေပြတ်တောက်သွားခဲ့(စိုးရိမ်ရ)ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကံ့ကော်မြေ ပရဟိတအသင်း လူနာတင်ယာဉ်ဖြင့်  ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN