လားရှိုးမြို့၊ ရပ်ကွက်(၁)၊လားရှိုး – မန္တလေးသွားကားလမ်းပေါ်ရှိ အသောက စက်သုံးဆီဆိုင်ကို အကြမ်းဖက် PDF များက လက်လုပ်ဗုံးများဖြင့် လာရောက်ပစ်ခတ်

ဇွန် ၂၃

      ယနေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၉)၊လားရှိုး – မန္တလေး သွားကားလမ်းပေါ်ရှိ အသောက စက်သုံးဆီဆိုင်ကို အကြမ်းဖက် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)က မော်တော်ဆိုင် ကယ်( စိစစ်ဆဲ)ဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး ၂ လုံးဖြင့် အသောကစက်သုံးဆီဆိုင်အတွင်းသို့ ပစ်ပေါက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။

   ပေါက်ကွဲမှုကြောင့် အသောက စက်သုံးဆီဆိုင်အတွင်းရှိ ဆီပန့် ၊ ဆီအရောင်းကောင်းတာ နှင်​Mini Mark ဆိုင်ရှိမှန်များအား မိုင်းစများထိမှန်ခဲ့ပြီး လူနှင့် တိရိစ္ဆာန် ထိခိုက်သေဆုံးမှု့မရှိကြောင်း သတင်းရရှိပါသည်။

    အဆိုပါဆီဆိုင်များသည် ညနေ ၅ နာရီအချိန်တွင် ဆိုင်များပိတ်ထားပြီးဖြစ်ပြီး ဆိုင်စောင့်လုံခြုံရေးမှလွဲ၍ အခြားမည်သူမျှမရှိကြောင်း၊အကြမ်းဖက်သောင်းကျန်းသူ PDF များသည် ၂၀၂၂ ခုနှစ်ကုန်ပိုင်းတွင်လည်း အဆိုပါ အသောက ဆီဆိုင်အား အနုကြမ်းစီး၍ ငွေများယူသွားခဲ့သည့်ဖြစ်စဉ်မှတ်တမ်းရှိခဲ့ပါသည်။

#PAN