“မိုခါ” မုန်တိုင်းဘေးဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့သို့ အလှူငွေများ လာရောက်ပေးအပ် လှူဒါန်း

ဇွန် ၂၃

       ဆိုင်ကလုန်း မိုခါ (MOCHA) မုန်တိုင်းဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ဟောင်ကောင် ဒေသအခြေစိုက် Hong Kong – Myanmar Manufactures’ Association မှ ဟောင်ကောင်ဒေါ်လာ (၄၀,၀၀၀) အားလည်းကောင်း၊ Hong Kong – Macao and Myanmar Chamber of Commerce and Industry မှ ဟောင်ကောင်ဒေါ်လာ (၁၂,၀၀၀) အားလည်းကောင်း၊ Sun Hoe Company Limited မှ ဟောင်ကောင်ဒေါ်လာ (၅,၀၀၀) အားလည်းကောင်း Hong Kong Science and Technology Parks Corporation မှ ဟောင်ကောင်ဒေါ်လာ (၂,၀၀၀) အား လည်းကောင်း၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ၂၁-၆-၂၀၂၃ ရက်နေ့တွင် လာရောက်ပေးအပ် လှူဒါန်းကြရာ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်မှ အလှူငွေများအား လက်ခံရယူခဲ့ပါသည်။

      ကောင်စစ်ဝန်ချုပ်မှ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လိုအပ်ချက်များအား ပံ့ပိုးကူညီ ပေးသည့်အတွက် မြန်မာနိုင်ငံအစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူငွေများကို မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားကာ ကျေးဇူးတင်လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#PAN