ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကို အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇွန် ၂၃

      ယနေ့ ည ၇ နာရီ ၁၀ မီးနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊(၉၄)ရပ်ကွက်၊စီ-၁ လမ်းနှင့် စိန်ပန်းလမ်းထောင့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးလှကြည်၊၇၇ နှစ်၊(ဘ)ဦးရွှေဒုံး၊ ၉၄-ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ် ကမ်း)မြို့နယ်တွင်နေသူသည် ယာဉ်အမှတ် YGN -11 4H-2351 Toyota Surf အဖြူရောင်ယာဉ်ဖြင့် အပြင်မှ နေအိမ်သို့ ပြန်လာစဉ် စီ-၁ လမ်းနှင့် စိန်ပန်းလမ်းထောင့်အရောက်၌ ဆိုင်ကယ်(၁)စီးဖြင့် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF
၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါသည်။

    ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် 4H- 2351 Toyota Surf ယာဉ်၏ ယာဘက် ရှေ့လေကာမှန်ကွဲအက်ပျက်စီး၊ ဝဲဘက် ရှေ့လေကာမှန်တွင် ကျည်ဖောက်ဝင်ရာ ၃ ခု၊ ဝဲဘက် အလယ် လေကာမှန်တွင် ကျည်ဖောက်ဝင်ရာ ၃ ခု တွေ့ရှိခဲ့ပြီး ဦးလှကြည် ၌ ယာရင်ဘတ် ထိမှန်ဒဏ်ရာ ၂ ချက်၊ ယာနံဘေးထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲရင်ဘတ်ထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ 4H-2351 Toyota Surf မှာလည်း လမ်းထောင့်ရှိ လမ်းဘေးသို့ ထိုးဆင်းခဲ့ကြောင်း သိရှိရပါသည်။

    ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ LUGER ကျည်ခွံ ၁၂ ခု တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ဦးလှကြည် ကို ဆရက (၁/၁၀၀၀)သို့ ပို့ဆောင်ခဲ့ကြောင်း၊ဦးလှကြည် မှာ ရရှိဒါဏ်ရာဖြင့် ဆေးကုသမှုခံယူနေစဥ် ည ၈ နာရီ ၅ မီးနစ်အချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်းနှင့် တရားခံ လူသတ်အကြမ်းဖက် PDF နှစ်ဦးကို ဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN