သထုံမြို့နယ်၊ တောကြီးကျေးရွာ၊ အုပ်ချုပ်ရေးမှူးကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က ခြိမ်းခြောက်စာနှင့် ကျည်ဆံ နှစ်တောင့်ကို ပေးပို့

ဇွန် ၂၂

       မွန်ပြည် နယ်၊ သထုံမြို့နယ်၊တောကြီးကျေးရွာ အုပ်စု၊ တောကြီးကျေးရွာရှိ  အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် ကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ခြိမ်းခြောက်စာနှင့် ကျည်ဆံ နှစ်တောင့်ကို ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

      ဖြစ်စဥ်မှာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်သည် ယနေ့ နံနက်တွင် နေအိမ်အ‌ပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းလာရာ နေအိမ်အောက်ထပ် စားပွဲပေါ်၌ ဦးမြင့်ဇော်(အုပ်ချုပ်ရေးမှူး)နှင့် ဦးဝင်းနောင်၊တောကြီးကျေးရွာ၊သထုံမြို့နယ်ဟု လိပ်မူလျက် ”အကြမ်း ဖက်အာဏာသိမ်း စစ်ကောင်စီ ၏အုပ်ချုပ်ရေးကို တာဝန်ယူထားသည့် အုပ်ချုပ်ရေးမှူး တာဝန်မှ နှုတ်ထွက်ပေးပါရန်နှင့်  နှုတ် ထွက်ခြင်းမရှိဘဲ ဆက် လက်လုပ်ကိုင်နေပါက ဖြစ်ပေါ်လာသမျှပြဿနာသည် မိမိ၏တာဝန်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။ မှတ်ချက် ၂၆. ၆.၂၀၂၃ ရက်နေ့ နောက် ဆုံးထားပြီး နှုတ်ထွက်ပေးပါရန် ၊ သထုံပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) အောက်ကွင်းတာဝန်ခံ စောထူ” ဟု ရေးသားထားသည့်စာနှင့်  ကျည် ၂ တောင့်အားတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

      တောကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်သည် ၂၀၁၅ ခုနှစ် ၊ NLD ပါတီလက်ထက်မှ ယနေ့အချိန်ထိ တာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်ပြီး ၎င်းသည် သထုံမြို့နယ် ၊ ပြည်ခိုင်ဖြိုးပါတီ ၊ တောကြီးကျေးရွာ ရပ်/ကျေးပါတီ ဥက္ကဌ  တစ်ဦးဖြစ်သည့်အတွက် ခြိမ်းခြောက်စာ နှင့် ကျည် ၂ တောင့်ပေးပို့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN