ရေးမြို့နယ်၊လမိုင်းမြို့၊ ကျိုက်ကေလာသဘုရားရှေ့၊ နာရီစင်အနီးတွင် သာမန်ပြည်သူအမျိုးသမီး တစ်ဦးကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇွန် ၂၂

       ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊လမိုင်းမြို့၊ ကျိုက်ကေလာသဘုရားရှေ့၊ နာရီစင်အနီးတွင် ဒေါ်စန်းမြင့်ကြွယ်၊ ၅၅ နှစ်၊(ဘ)ဦးအေးမောင်၊ ဗမာ/ဗုဒ္ဓ၊ မပတ(မမှတ်မိ)၊ မှီခိုကို လူသတ်အကြမ်းဖက် PDF(စိစစ်ဆဲ) ၄ ဦး ဆိုင်ကယ် နှစ်စီး (အမျိုး အစား/အရောင်စိစစ်ဆဲ)ဖြင့် ရောက်ရှိလာပြီး သေနတ်အတိုဖြင့် ၆ ချက်ခန့်ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ဒေါ်စန်းမြင့်ကြွယ်မှာ ဝမ်းဗိုက်ချက်အထက် ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနံစောင်းကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနို့အုံကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက် တို့ရရှိ၍ အခင်း ဖြစ်နေရာတွင်သေဆုံးသွားခဲ့ပါသည်။

       သေဆုံးသူ ဒေါ်စန်းမြင့်ကြွယ် သည် အခင်းမဖြစ်ခင်က ၎င်း အကြမ်းဖက် PDF များနှင့် လမ်းဘေးတွင် ရပ်ပြီးစကားပြောနေကြောင်း၊ ခဏအကြာတွင် အကြမ်းဖက်များက သေနတ်ဖြင့် ပစ် ခတ်ပြီး ဒေါ်စန်းမြင့်ကြွယ်၏ Honda Wave 125 အမျိုးအစားဆိုင်ကယ် ၁ စီးနှင့် ဟန်းဖုန်း ၁ လုံးတို့ကို ယူဆောင်ထွက်ပြေးသွားကြကြောင်း စုံစမ်းသိရှိရပါသည်။

       သေဆုံးသူ ဒေါ်စန်းမြင့်ကြွယ်၏ ခင်ပွန်းဖြစ်သူသည် မကွယ်လွန်မီက ထွေအုပ်ဝန်ထမ်းဖြစ်ပြီး လက်ရှိတွင် ၎င်း၏သမီးဖြစ်သူ ထွေ/အုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော မခန့်ဝတ်ရည်အောင်၊စာရင်းကိုင်(၄)နှင့်အတူ ဝန်ထမ်းအိမ်ယာ၊မြို့မ(၂)ရပ်ကွက်၊လမိုင်းမြို့တွင် နေထိုင်ကြောင်း သတင်းရရှိပါသည်။

#PAN