“ရုရှား – ပါကစ္စတန် နှစ်နိုင်ငံကြား ကုန်သွယ်မှု များ ကန်ဒေါ်လာ ၅၆၇သန်း မှ ၇၆၀သန်းထိ တိုးတတ် မှုများရှိလာ”

ဇွန် ၂၂

လွန်ခဲ့သည့် ၁၁ လအတွင်း ရုရှား-ပါကစ္စတန် နှစ်နိုင်ငံ ကုန်သွယ်မှုများသည် ၂၀၂၂ – ၂၀၂၃ ခုနှစ် (ဇူလိုင်မှမေလ) အတွင်း ကန်ဒေါ်လာ ၅၆၇ သန်း မှ ၇၆၀ သန်းအထိ ရှိခဲ့ပြီး ၃၄ရာခိုင်နှုန်းထိ တိုးတတ်လာကြောင်း ပါကစ္စတန်နိုင်ငံ စီးပွား ရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက ပြောကြား ခဲ့တာဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့ကြား စုစုပေါင်း ကုန်သွယ်မှုသည် ၂၀၂၂ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် မေလအထိ ၃၄ ရာခိုင် နှုန်းထိ တိုးမြင့်လာခဲ့ကြောင်း ပါကစ္စတန် နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Syed Naveed Qamar က ပြီးခဲ့သည့် ဇွန်လ ၂၁ရက်နေ့က ပြောကြား ခဲ့တာလည်းဖြစ်ပြီး
ပါကစ္စတန်နိုင်ငံအား အနောက်နိုင်ငံများမှ ပိတ်ဆို့ အရေး ယူမှုများပြုလုပ်ခဲ့ပြီး​နောက် ရုရှား – ပါကစ္စတန် နှစ်နိုင်ငံ ကုန်သွယ် ရေးများတွင် အမေရိကန် ဒေါ်လာဖြင့် ကုန်သွယ် မှုများပြုလုပ်မည်ဆိုပါက အလွန်ခက်ခဲမည်လို့ ပါကစ္စတန် နိုင်ငံ ၏ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက မကြာသေးမှီက ထုတ်ပြန် ပြောကြားထားခဲ့သော်လည်း “ဒါက အစိုးရနဲ့ အစိုးရကြား ဆက်ဆံတာ မဟုတ်ဘဲ ပုဂ္ဂလိက ကဏ္ဍတွေနဲ့ ဆက်ဆံတာ ဖြစ်တယ်။ အဲ့လိုဆက်ဆံရေးမျိုးက ဘယ်ငွေကြေးနဲ့မဆို ဆက်ဆံနိုင်တယ်” လို့ Qamar က ထပ်လောင်း​ ပြောကြား ခဲ့တာလည်း ဖြစ်ပါ တယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။