“ရုရှားရေတပ် ကင်းထောက်စစ်သင်္ဘော အသစ်မှ “Uranus” အမျိုးအစား သင်္ဘော ဖျက် ဒုံးကျည် အသစ်ကို စမ်းသပ် ပစ်လွှတ်ရာ တွင် အောင်မြင်မှုများရရှိခဲ့”

ဇွန် ၂၂

ရုရှားနိုင်ငံကာကွယ်ရေး ဝန်ကြီးဌာန၏ စက်ရုံထုတ် “Uranus” အမည်ရှိသင်္ဘောဖျက် ဒုံးကျည် အသစ် တစ်စင်းကို ပင်လယ်ပြင် အတွင်း စမ်းသပ်ပစ်လွှတ်မှုများ အတွင်း ရုရှားရေတပ်၏ နောက်ဆုံးပေါ် ရေတပ်ယာဥ်ကော်ဗတ်အမျိုးအစား “Rezkiy” အမည်ရှိသည့် ရေတပ်ကင်းထောက်သင်္ဘောမှ ပင်လယ်ပြင် အတွင်းရှိ ပစ်မှတ်များသို့ ပစ်လွှတ်စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းဌာနများက ဖော်ပြပြော ဆိုခဲ့ကြတာ လည်းဖြစ်ပါတယ်။

မွန်ဂိုလီးယားနိုင်ငံ နယ်နမိတ်၊ တရုတ် အရှေ့မြောက် ဘက်ပိုင်း နှင့် ရုရှား အရှေ့တောင် ဘက်ပိုင်းတို့ ကြား တွင်တည်ရှိသည့် ရုရှား Amur သင်္ဘောကျင်းမှ ပစိဖိတ်ရေတပ် အတွက် တည်ဆောက်ထားသော နောက်ဆုံးပေါ် Project 20380 Rezkiy အမျိုးအစား ကင်းထောက်သင်္ဘော ၏ အမှုထမ်းများသည် အဆိုပါ ရုရှား သင်္ဘော စက်ရုံပင်လယ်ပြင် စမ်းသပ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်ပင်လယ်ပြင် အတွင်းရှိ ရေတပ် ပစ်မှတ်များကို ယနေ့ ဇွန်လ ၂၂ရက်နေ့တွင် Uranus သင်္ဘောဖျက် ခရုဇ်ဒုံးကျည် စမ်းသပ် ပစ်လွှတ် မှုများကို ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှား နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြောညာခဲ့တာလည်းဖြစ်ပါတယ်။