“မော်စကိုက သြဂုတ်လတွင် ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံ ကို ဖော်ရွေမှုမရှိသော နိုင်ငံခေါင်းဆောင်များ မတတ်ရောက်သင့်ကြောင်း သတိပေးပြောကြား”

ဇွန် ၂၂

ရုရှားနိုင်ငံအပေါ် ရန်လိုမုန်းတီးနေ သည့် မူဝါဒများ ကို ကျင့်သုံးနေသော နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များသည် လာမည့် ဩဂုတ်လ တွင်ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးပွဲကြီးတွင် မတက် ရောက်သင့်ကြောင်း ရုရှားနိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov က ယနေ့ ထုတ်ပြန် ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။

“ဖိတ်ကြားရမိသူတွေကို အဆုံးအဖြတ်ပေးရမယ့် အလုပ်ကို အိမ်ရှင်ပါတီက ချမှတ်ပြီး လုပ်ဆောင်ပေးရမဲ့ အလေ့အကျင့်တစ်ခုပါ။ ဒါပေမယ့် BRICS အဖွဲ့ကြီး မှာ ပါဝင် သူအားလုံးရဲ့ ညှိနှိုင်းမှုတွေက ရှေ့ကို ပိုမို ရောက်သင့်တယ်ဆိုတာ ထင်ရှားလို့လာပါတယ်။ ကျနော်တို့ကို ရန်လိုပြီး လက်မခံနိုင်တဲ့ မူဝါဒကို လိုက်လုပ်နေတဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက်ို BRICS ရဲ့ ဧည့်သည်အနေနဲ့ မသင့် တော်ပါဘူး” လို့ Ryabkov က သတင်း ထောက် များအား ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ လာမည့် သြဂုတ်လက ကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေးကို ပြင်သစ် သမ္မတ က တတ် ရောက်လို ကြောင်း ပြင်သစ် နိုင်ငံခြား ရေးဝန်ကြီးဌာနမှ မကြာသေးမှီ အချိန်ကထုတ်ပြန် အတည်ပြု ပြောကြား ထားတာတွေလည်းရှိနေပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။