ဖားကန့်မြို့နယ်၊ဆိုင်းတောင်ရပ်ကွက်(၃)ရှိ အခွန်ကောက်ခံသော KIA အကြမ်းဖက်တို့၏ တိုက်နယ်ရုံးကို  တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ရှင်လင်း

ဇွန် ၂၂

       ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ကချင် ပြည်နယ်၊ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်ရပ်ကွက်(၃)ရှိ အခွန်ကောက်ခံသော
KIA အကြမ်းဖက်သောင်းကျန်းသူတို့၏ တိုက်နယ်ရုံးကို  တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရပါသည်။

       ထိုသို့ တပ်မတော်စစ်ကြောင်းက ဝင်ရောက်ရှင်းလင်းတိုက်ခိုက်ရာ KIA အကြမ်းဖက်သောင်း ကျန်းသူ အလောင်း ၃ လောင်း၊ ဒါဏ်ရာရရှိသူ ၇ ဦးတိုကို ဖမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သောင်းကျန်သူ KIA မှ ချုပ်နှောင်ထားသူ ၃၀ ဦးတို့ကို ကယ်ထုတ်ခဲ့ကြောင်းနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိခြင်းအခြေအနေကို မသိရှိရသေးကြောင်း သိရှိရပါသည်။

        ဖမ်းဆီးရမိသူ ဒါဏ်ရာရ ၇ ဦးကို ဖားကန့်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူစေပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းနှင့် သေဆုံးသူ အလောင်းအား သင်္ခါလူမှုကူညီအသင်း၏မော်တော်ယာဥ်ဖြင့် သယ် ဆောင်၍ သဂြိုလ်ခြင်းကို ဆောင်ရွက်ရန်စီစဥ်နေကြောင်း သတင်းရရှိပါသည်။

#PAN