“ပြင်သစ် နိုင်ငံ ပဲရစ်မြို့တွင် ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှု​ဖြစ်ပွားခဲ့ပြီး လူ ၁၆ ဦးထိ ဒဏ်ရာရရှိခဲ့”

ဇွန် ၂၂

ပြင်သစ်နိုင်ငံ ပဲရစ်မြို့အလယ်ပိုင်း လက်တင် ရပ်ကွက်တွင်ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဓာတ်ငွေ့ ပိုက်လိုင်းပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ရကြောင်း တာဝန်ရှိသူများနှင့် မျက်မြင်သက်သေများက ပြောကြား ခဲ့ကြတာဖြစ်ပါတယ်။

ပဲရစ်မြို့အလယ်ပိုင်း ရှိ လက်တင်ရပ်ကွက်တွင် ဓာတ်ငွေ့ ပေါက်ကွဲ မှုကြောင့် အနည်းဆုံး လူ ၁၆ ဦးထိ ခိုက်ဒဏ်ရာများ ရရှိခဲ့ တာဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှုများကြောင့် ပြင်သစ်နိုင်ငံ ၏ တာဝန်ရှိသူများက အရေးပေါ်တုံ့ ပြန်ရေးများလုပ်ဆောင်ခဲ့ကြရပါတယ်။

မီးသတ်သမား ၂၀၀ ကျော်ထိ မီးလောင်မှုတွင် ပါဝင်ငြိမ်းသတ်ခဲ့ရတာဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားရသည့်အကြောင်းအရင်းမှာ ဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်မှုကြောင့်ဖြစ်တယ်လို့ ယူဆရကြောင်း နှင့် အဆိုပါ ပေါက် ကွဲမှုသည်ပြင်သစ်နိုင်ငံ၏ သမိုင်းဝင် Val de Grace စစ်ဆေးရုံ အနီးဖြစ် ပွားခဲ့တာ ဖြစ်တယ် လို့ သတင်းဌာန များက ဖော်ပြ ပြောဆိုထားကြပါတယ်။