“အိန္ဒိယနိုင်ငံအတွင်း ပြင်းထန်သော အပူလှိုင်းဖြစ်ပေါ်နေမှုကို ဖြေရှင်းနိုင်ရေး အစည်းအဝေး ပြုလုပ်နိုင်ရန် အိန္ဒိယ ကျန်းမာ ရေးဝန်ကြီးက တောင်းဆိုခဲ့”

ဇွန် ၂၁

အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးဝန်ကြီး Mansukh Mandaviya က အိန္ဒိယနိုင်ငံအတွင်း လက်ရှိ ဖြစ်ပေါ်နေသော အပူလှိုင်းအတွက် နိုင်ငံ အတွင်းရှိ လူထု ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို ပြန်လည်သုံးသပ်နိုင်ရန် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက် အင်္ဂါနေ့တွင် အဆင့်မြင့်အစည်း အဝေးတစ်ခုပြုလုပ်နိုင်ရန် တောင်းဆို ခဲ့တာ လည်းဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးကို ဒေါက်တာ Mandaviya မှ သဘာပတိအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး NITI Aayog (ကျန်းမာရေး)၊ အိန္ဒိယမိုးလေဝသဌာန (IMD)၊ အမျိုးသားရောဂါထိန်းချုပ်ရေးဗဟိုဌာန (NCDC) နှင့် အိန္ဒိယဆေးသုတေသနကောင်စီ (ICMR) တို့မှ တာဝန်ရှိသူများ တက်ရောက် ကြမှာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ အတွင်းရှိ Jharkhandပြည်နယ် ၊ Chhattisgarhပြည်နယ် ၊ Biharပြည်နယ်၊ Odishaပြည်နယ်၊ အိန္ဒိယကမ်းရိုးတန်း Andhra Pradeshပြည်နယ် ၊ အရှေ့ပိုင်း Madhya Pradeshပြည်နယ် နှင့် West Bengal ပြည်နယ်တို့၏ နေရာအတော်များများတွင် အပူချိန်သည် ပုံမှန်အဆင့်ထက် ၅ ဒီဂရီစင် တီဂရိတ်အထက် ကျော်လွန်နေကြောင်း သတင်းဌာနများ ကဖော်ပြ ပြောဆိုထား ကြပါတယ်။

ထို့အပြင် အိန္ဒိယနိုင်ငံအတွင်း အဆိုပါ အပူဒဏ်လွန်ကဲလာမှုကြောင့် သေဆုံးမှု အရေအတွက်သည် လွန်ခဲ့သည့် ၃ရက်အတွင်း သ်ိသိသာသာတိုးလာခဲ့ကြောင်း သတင်းဌာနများ က ဖော်ပြပြောဆိုထား ကြပါတယ်။