“ယူကရိန်း – ရုရှား စစ်ပွဲများ အတွက် အာဖရိကနိုင်ငံများ၏ ငြိမ်းချမ်းရေး အဖွဲ့အား တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ကျေးဇူးတင်ကြောင်း နှင့် ကူညီရန် အသင့်ရှိကြောင်း ပြောကြားခဲ့”

ဇွန် ၂၁

ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးအတွက် အ​အာဖရိကနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင် ရန် တရုတ်နိုင်ငံက အဆင်သင့် ဖြစ်နေ ပြီဖြစ်ကြောင်း တရုတ် နိုင်ငံခြား ရေးဝန် ကြီးဌာ၏ ပြောရေး ဆိုခွင့် ရှိသူက ပြောကြား ခဲ့တာဖြစ်ပါတယ်။

ယူကရိန်း နှင့် ရုရှားနိုင်ငံတို့ကို ပြီးခဲ့သည့် သီတင်းပတ်က သွားရောက်ခဲ့ကြသည့် ယူကရိန်း – ရုရှား ငြိမ်းချမ်းရေးဆိုင်ရာ ထိပ်တန်းကိုယ် စားလှယ်အဖွဲ့၏ လုပ်ဆောင်မှုများ နှင့် ကြိုးပမ်း အားထုတ်မှုများကို ဘေဂျင်းက အလွန် ကျေးဇူးတင်ရှိပြီး အဆိုပါ အဖွဲ့အား ကူညီရန် အဆင်သင့် ဖြစ်နေ ပြီဖြစ်ကြောင်း ပြေားကြားခဲ့တာဖြစ်ပါတယ်။

“ယူကရိန်းအကျပ်အတည်းများကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တဲ့ ကြိုးပမ်းမှုမှန်သမျှကို တရုတ်နိုင်ငံက ထောက်ခံပါတယ်၊ အာဖရိကနိုင်ငံတွေရဲ့ တက်ကြွတဲ့ အခန်းကဏ္ဍကိုလည်း လေးစားပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြီးခဲ့သည့် ဇွန်လ ၂၀ရက်နေ့က ပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။