ကော့ကရိတ်မြို့ရှိ တပ်မတော်လုံခြုံရေးအဖွဲ့ကိုအကြမ်းဖက်သောင်းကျန်း သူ KNU /PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးဗုံးစ ထိမှန်

ဇွန် ၂၀

     ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မီးနစ်အချိန်ခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ် ကွက် ၊ ချောင်းတောင်ရပ်၊ ကမိုင်ကုန်းလမ်းဆုံရှိ ဒေါနအလှရေကူးကန်တွင်လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ခမရ(၂၀၃)မှ လုံခြုံရေးအဖွဲ့နှင့် ပုလဲဖြူလူမှုကယ်ဆယ်ရေးရုံးရှေ့ ခမရ (၃၄၃)မှ လုံခြုံရေးအဖွဲ့တို့ကို အကြမ်းဖက်သောင်းကျန်း သူ  KNUနှင့် PDF ပူးပေါင်း အင်အား ၅၀ ဦးခန့်က လက်နက်ကြီး/ငယ် တို့ဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော်လုံခြုံရေးအဖွဲ့က ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

    မွန်းလွဲ ၁ နာရီ ၄၀ မီးနစ်အချိန်ခန့်တွင် နှစ်ဖက် ပစ်ခတ်မှု ရပ်တန့်သွားခဲ့ပြီး အကြမ်းဖက်သောင်း ကျန်းသူ  KNUနှင့် PDF ပူးပေါင်းအဖွဲများ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊  ဖြစ်စဉ်ကြောင့်
တပ်မတော်လုံခြုံရေးအဖွဲ့ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ အကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးဗုံးသီး ၁ လုံးကျရောက် ပေါက်ကွဲမှုကြောင့် ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ကမ်းနားတန်းလမ်းရှိ မသင်းနံ့သာစိုး၊၁၂ နှစ်၊(ဘ)ဦးစိန်မောင်၊ဗမာ /ဗုဒ္ဓ ထံတွင် ယာလက်ဖျံ၊ ယာခြေသလုံးတို့တွင် ဗုံးစရှပ်မှန် ဒဏ် ရာရရှိခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်းသတင်းရရှိပါသည်။

#PAN