ကမ္ဘာ့စံချိန်တင် ဆုတစ်ခုနဲ့ ရော်နယ်လ်ဒို


ဇွန် ၂၁
အိုက်စလန်အသင်းနှင့်ယှဥ်ပြိုင်ကစားသည့် ယူရို- ၂၀၂၄ ခြေစစ်ပွဲစဥ်တွင် ပေါ်တူဂီအသင်းအတွက် ပွဲထွက်ပါဝင်ကစားခဲ့သော အသင်းခေါင်းဆောင်စီရော်နယ်လ်ဒို ဟာ လက်ရွေးစင်ကစားသမားဘဝ နိုင်ငံတကာပွဲ (၂၀၀)ပြည့်မြောက်ခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက် ယင်းမှတ်တမ်းကိုရရှိသည့် ပထမဆုံးအမျိုးသားဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အဆိုပါ လက်မှတ်ကိုလည်း မနေ့က ပွဲမစတင်မီ မှာ လက်ခံရယူသွားခဲ့ပါတယ်။ ရော်နယ်ဒို ဟာ မနေ့ကပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို လည်း ပွဲချိန် မိနစ် ၉၀ မှာမှ သွင်းယူပေးခဲ့ပါတယ်။
ထို့ကြောင့် စီရော်နယ်လ်ဒို ဟာ ယင်းမှတ်တမ်းကြောင့် ဂင်းနစ်စာရင်းဝင်ခဲ့ပါတယ်။
Photos : B/R Football