အောင်မြေသာစံမြို့နယ်၊အမှတ်(၄)နယ်မြေရဲစခန်းကို အကြမ်းဖက် လူငယ် ၂ ဦးက ကြိုးဆွဲ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ထွက်ပြေး

ဇွန် ၂၀

     ယမန်နေ့ ည ၈ နာရီ ၅ မီးနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊အမရဌာနီအနောက်ရပ်ကွက်၊လမ်း ၈၀၊၉×၁၀ လမ်းကြားရှိ အမှတ်(၄)နယ်မြေရဲစခန်းကို ၉လမ်းအတိုင်း အရှေ့မှအနောက်သို့ PDF အမည်ခံလူသတ်အကြမ်းဖက် လူငယ် ၂ ဦးစီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၍ ၉လမ်းအတိုင်း အနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

        အဆိုပါ လက်ပစ်ဗုံးမှာ နယ်မြေရဲစခန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိကြောင်း သတင်းရရှိပါသည်။

#PAN