“အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲ ဖြစ်သည့် ဘီနင်-ဆီနီဂေါ နှစ်နိုင်ငံ ဘောလုံးပြိုင်ပွဲ အတွင်း လူ ၂ဦး သေဆုံးခဲ့ရပြီး လူ ၁၀ဦးထိ ဒဏ်ရာများရရှိခဲ့ကြ”

ဇွန် ၂၀

ဘီနင်-ဆီနီဂေါ နှစ်နိုင်ငံ ဘောလုံးပြိုင်ပွဲတွင် လူ၂ဦးသေဆုံးပြီး လူ၁၀ဦးထိ ဒဏ်ရာများ ရရှိ ခဲ့ကြရတာ ဖြစ်ပါတယ်။

ဘီနင် နှင့် ဆီနီဂေါနိုင်ငံတို့၏ နှစ်နိုင်ငံဘောလုံး အသင်းတို့ကြား ကစားခဲ့ကြသည့် အာဖရိကဖလား ခြေစစ်ပွဲ ပွဲစဉ်အပြီးတွင် အဆိုပါ သေဆုံးဒဏ်ရာ ရရှိမှုများ အားကစားကွင်းအတွင်း ဖြစ်ပွားခဲ့ ရတာဖြစ်ပါတယ်။

ထို ဖြစ်စဥ်တွင် သေဆုံးခဲ့ကြသူများထဲမှ လူ၁ဦးသည် ဘောလုံးကွင်းအတွင်း မတ်တတ်ရပ် အနေအထားဖြင့် သေဆုံးခဲ့ရတာဖြစ်ပြီး အခြားတစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် နေကြောင်းလည်း ထပ်လောင်း ပြောကြား ထားတာဖြစ်ပါတယ်။

အဆိုပါ ဘောလုံးပွဲတွင် အားပေးသူများ များပြား လာမှုကြောင့် ဘီနင်နိုင်ငံ အားကစားကွင်းတွင် လူနှစ်ဦးသေဆုံးကာ ၁၀ ဦးထိ ဒဏ်ရာရရှိခဲ့ရကြောင်း ဒေသတွင်း တရားရေးအရာရှိနှင့် ဆေးရုံသတင်းရင်း မြစ်တို့ကို ကိုးကားပြီး သတင်းဌာနများက ပြီးခဲ့သည့် ဇွန်လ ၁၉ရက် တနင်္လာနေ့တွင် ဖော်ပြပြော ဆိုထားကြတာလည်းဖြစ်ပါတယ်​။

အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲအတွက် ဘီနင်နိုင်ငံ ၏စီးပွားရေးမြို့တော် Cotonouမြို့ တွင် ဘီနင် – ဆီနီဂေါ နိုင်ငံတို့၏ ဘောလုံးအသင်း တို့ ပြီးခဲ့သည့် ဇွန်လ ၁၈ရက် စနေနေ့က ယှဥ်ပြိုင် ခဲ့ကြတာဖြစ်ပြီး လူအုပ်ကြီး ပြိုမှု ဖြစ်ပွားခဲ့ ရတာလည်းဖြစ်ပါတယ်။