“ရုရှား – ယူကရိန်း စစ်ပွဲများ အတွင်း ယူကရိန်း နိုင်ငံ က ကမ္ဘာ့ ဘဏ်မှ ချေးငွေ များရယူပြီး ကျောင်းဆရာ/ဆရာမများ နှင့် နိုင်ငံ့ဝန်ထမ်းများ အတွက် လစာပေးချေနေရ”

ဇွန် ၂၀

ယူကရိန်းနိုင်ငံအတွင်းရှိ ဆရာ ဆရာမများ နှင့် အစိုးရဝန်ထမ်းများ အား လစာ ပေးချေနိုင်ရန် အတွက် ကမ္ဘာ့ဘဏ် (World Bank ) က ချေးငွေအနေဖြင့် ယူကရိန်းသို့ ယူရို ၆၃ သန်း လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာန တရားဝင်၀က်ဘ်ဆိုက်၏ ဖော်ပြချက်အရ “ဇွန်လ ၁၉ ရက်၊ ယူကရိန်းနိုင်ငံတော်ဘတ်ဂျက်အတွက် ကမ္ဘာ့ဘဏ် ထံမှ ရန်ပုံငွေ ယူရို ၆၃ သန်း ပမာဏကို ယူကရိန်းတို့ လက်ခံရရှိခဲ့ကြောင်း ထုတ်ပြန် ပြောကြားထား တာလည်းဖြစ်ပါတယ်။

ထို့နောက် ဘဏ္ဍာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် အဆိုပါ ချေးငွေကို ပြန်ဆပ်ရမည့်ကာလမှာ ၁၀ နှစ်အတွင်းဖြစ်ပြီး ချေးငွေများသည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွက် နိုင်ငံတော် ရန်ပုံငွေဖြစ်တယ်လို့ ဖော်ပြထားပါသေးတယ်။

“နိုင်ငံတော်အဖွဲ့အစည်းဝန်ထမ်း များနှင့် ဆရာ၊ ဆရာမများတို့ရဲ့ လစာများ” အတွက် ချေးယူခဲ့ တာလည်းဖြစ်ပါတယ်လို့ လည်း အဆိုပါ ဝက်ဘ်ဆိုက် တွင်ဖော်ပြထားကြပါတယ်။

ယူကရိန်းနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာနအဆိုအရ ပြီးခဲ့သည့် ဧပြီလကုန်တွင် ယူကရိန်းနိုင်ငံ၏ စုစုပေါင်း ပြင်ပကြွေးမြီများမှာ ကန်ဒေါ်လာ ၈၂ ဘီလီယံ ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး Kyiv (ယူကရိန်း) က အဆိုပါ ကြွေးမြီများကို ဆိုင်းငံ့ထားရန် နိုင်ငံအချို့နှင့် နိုင်ငံ၏ ဘဏ္ဍာရေးအဖွဲ့အစည်းများကြား သဘောတူညီချက်များ လက်မှတ်ရေး ထိုးထား ကြတာလည်းဖြစ်ပါတယ်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာ Verkhovna Rada ကော်မတီ၏ မကြာသေးမှီအချိန်က ထုတ်ပြန် ချက်များ အရ ၂၀၂၃ခုနှစ် နှစ် ကုန်ပိုင်းတွင် အတွက်ယူကရိန်းနိုင်ငံ၏ ဘတ်ဂျက်သည် အများသူငှာကြွေးမြီပေါင်း အများဆုံးပမာဏ ကန်ဒေါ်လာ ၁၇၂.၇ ဘီလီယံအထိ တိုးလာနိုင်ကြောင်း ထုတ်ပြန်ထားတယ်လို့ သတင်းဌာနများ ကဖော် ပြပြော ဆိုထားကြပါတယ်။