မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စု၊ ပွင့်လင်းအေးမြိုင်ကျေးရွာပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားလာခြင်းကြောင့် ရွာသူ/ရွာသားများ မြဝတီမြို့ပေါ်သို့ သွားရောက် စစ်ဘေးရှောင်

ဇွန် ၂၀

    ယနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ကရင်ပြည် နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စု၊ ပွင့်လင်းအေးမြိုင်ကျေးရွာပတ်ဝန်းကျင်တွင် အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်)အဖွဲ့နှင့် တပ်မတော်စစ်ကြောင်းတို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ကျေးရွာအတွင်းသို့ လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲ၍ လူထိခိုက်ဒဏ် ရာရရှိမှုများဖြစ်ခြင်းကြောင့်  ပွင့်လင်းအေးမြိုင်ရွာနေ ပြည်သူများမှာ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ စစ်ရှောင်ရန် ရွာလုံးကျွတ်ပြောင်းရွေ့ထွက်ခွာသွားကြပြီးဖြစ်ကြောင်း သိရှိရပါ သည်။

     ယနေ့ ည ၈ နာရီခွဲအချိန်ရရှိသည့်စာရင်းအရ မြဝတီမြို့၊အမှတ် ၄ ရပ်ကွက်၊ တောရကျောင်းသို့ မဲကနယ်၊ ပွင့်လင်းအေးမြိုင်ကျေးရွာမှ စစ်ဘေးရှောင် ကျား ၉၄ ဦး၊ မ ၉၄ ဦး၊ ပေါင်း ၁၈၈ ဦး၊ အိမ်ထောင်စု ၄၆ စု ရောက်ရှိ ခိုလှုံလျှက်ရှိပါကြောင်း သတင်းရရှိပါသည်။

#PAN