(မိုခါ)မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များတွင် အသုံးပြုရန်အတွက် မလေးရှားနိူင်ငံအခြေစိုက် မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) (ခ) ကပုန်း(၇)-ရက်သားသမီးနာရေး (မလေးရှား)မှ ကျပ်ငွေသိန်း(၁၀၀)ကုသိုလ်ပြုလှူဒါန်း

ဇွန် ၂၀

         (မိုခါ) မုန်တိုင်းသင့်ဒေသများတွင် ကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များတွင် အသုံးပြုရန်အတွက် မြန်မာကျပ်ငွေ သိန်း(၁၀၀)ကို လေးရှားနိုင်ငံအခြေစိုက် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) (ခ) ကပုန်း (၇)-ရက်သားသမီးနာရေးကူညီမှုအသင်း(မလေးရှား)မှ ကိုယ်စားလှယ်များက ယနေ့ ညနေ ၅  နာရီခွဲအချိန်ခန့်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်း ဦးမျိုးမြင့်အောင် (စီးပွားရေးဝန်ကြီး) နှင့် ဦးအောင်ဝင်းသိန်း (လူမှုရေးဝန်ကြီး) ထံသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

    အဆိုပါ မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) (ခ) ကပုန်း(၇)-ရက်သားသမီးနာရေးကူညီမှုအသင်း(မလေးရှား)ကို ၂၀၁၀ ခုနှစ်က ဥက္ကဌ ဖြစ်သူ ဦးဆန်းဝင်းမှ တာဝန်ယူ စတင်ထူထောင်းခဲ့ပြီး စတင်ဖွဲ့စည်းစဥ်က ကပုန်းမြို့နယ်အတွင်းသာဆောင်ရွက်သည့် လူမှုကူညီရေးအသင်းအနေဖြင့် ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင်အသင်း ဝင်များတိုးတက်လာသည့်အပြင် မလေးရှားတစ် နိုင်ငံလုံး အတွက်ပါ နာရေးကိစ္စ၊လူမှုရေးကိစ္စများကိုပါ ဆောင်ရွက်ပေးသဖြင့် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)ဟု ၂၀၁၈ခုနှစ်ကစ၍ပြောင်း လဲသုံးစွဲခဲ့ပါသည်။ ၎င်းလူမှုကူညီရေးအသင်းတွင် ယခုအချိန်တွင် အသင်းဝင် ၃၀၀ ကျော်ခန့်ရှိပြီး မလေးရှာနိုင်ငံရောက်မြန်မာနိုင်ငံသားများ ကြုံတွေ့ရသည့် နာရေး/ကျန်းမာရေးနှင့် အလုပ် သမားရေးရာကိစ္စရပ်များစသည့် အခက်အခဲများကို စေတနာဖြင့် ကူညီဆောင်ရွက်ပေးနေသော အသင်းဖြစ်ကြောင်းသိရပါသည်။

          (မိုခါ) မုန်တိုင်းသင့်ဒေသများရှိ ပြည်သူများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းစဥ်များတွင်ကူညီဆောင်ရွက်ရန်အတွက် ယခုလှူဒါန်းသော အလှူငွေသည် မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) (ခ)ကပုန်း (၇)-ရက်သားသမီးနာရေးကူညီမှုအသင်း (မလေးရှား)ရှိ အသင်းသူ/သား အမှုဆောင်များ၏မတည်အလှူငွေများ၊ မလေးရှားရောက် သူငယ်ချင်း၊မိတ်ဆွေ သင်္ဂဟများ ၏သွားလာကြုံကြိုက်ခိုက် အလှူငွေနှင့် မလေးရှားနိူင်ငံကွာလာလမ်ပူမြို့၊ ဘလက်ကောင်းမြို့၊  စလန်းကောပြည်နယ်၊ကလန်းမြို့ရှိ မြန်မာစီးပွားရေးစျေးဆိုင်လုပ်ငန်ရှင်များနှင့် စျေးဝယ်လာသူ ရွှေမြန်မာများများ၏ စေတနာမေတ္တာလှူဒါန်းမှုများဖြစ်ကြောင်း သိရပါသည်။

           ယနေ ငွေလှူဒါန်းပွဲတွင် အလှူရှင်များအား ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းတို့မှ အလှူရှင်များအားလုံးအားကျေးဇူးတင်စကားပြောကြားခဲ့ပြီးလှူဒါန်းမှုအစုစုအတွက် သာဓု သုံးကြိမ်ခေါ်ဆိုပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဓာတ်ပုံ/သတင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)

#PAN