တာချီလိတ်မြို့တွင် စည်ပင်ရေပိုက်ပေါက်ပြဲမှုကို မြို့နယ်စည်ပင်သာယာအဖွဲ့က လာရောက်စစ်ဆေးပြင်ဆင်ခြင်း မရှိသဖြင့် လမ်းသွားလမ်းလာများအတွက် အခက်အခဲဖြစ်

ဇွန် ၂၀

         တာချီလိတ်မြို့၊ပုန်းထွန်ရပ်ကွက်၊အကွက် (၁)၊မယ်ယန်းဟောင်လိတ် လိုင်းကားဂိတ် အထက်နေရာတွင် စည်ပင်ရေပိုက်လိုင်းမှာ ပေါက်ပြဲ၍ ရေများပန်းထွက်နေသည်မှာ တစ်ပတ်ခန့်ကြာနေပြီး မြို့နယ်စည်ပင်သာယာအဖွဲ့ကို သတင်းပေးပို့ထားသော်လည်း လာရောက်စစ်ဆေးပြင်ဆင်ခြင်း လုံးဝမရှိသေးသဖြင့် ဒေသခံပြည်သူ တစ်ဦးက PAN သို့ ရုပ်/သံ သတင်းပေးပို့လာပါသည်။

     ထိုသို့ရေများပန်းထွက်နေမှုကြောင့် လမ်းသွားလမ်းလာများအတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း၊ ထိုအပြင်ရေပန်ထွက်သည့် ရေအားမှာ များသဖြင့် ကတ္တရာလမ်းပါ ရေစီးကြောင်းကြောင့် ပျက်စီးလာနေကြောင်း၊ ယခုလို ရေပိုက်ပေါက်ပြဲမှု ကြာလာသည်နှင့်အမျှ သောက်သုံးရေ အလာဟသဆုံးရှုံးရကြောင်းနှင့် အမြန်ဆုံးပြုပြင်ပေးစေလိုကြောင်း ဒေသခံပြည်သူများက ပြောပြလာပါသည်။

#PAN