“အမေရိကန်နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုများ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများ Pennsylvania ပြည်နယ်တွင် အများဆုံး ဖြစ်ပွားခဲ့”

ဇွန် ၁၉

အမေရိကန် နိုင်ငံ Pennsylvania ပြည်နယ်တွင် ယခု သတင်းပတ်ကုန်အတွင်း နိုင်ငံ တစ်ဝှမ်း အကြမ်းဖက်မှုများ နှင့် အစုလိုက်အပြုံလိုက် ပစ်ခတ်မှု အများဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုများတွင် ပြည်နယ် ရဲ တပ်ဖွဲ့ဝင်၁ဦး အပါအဝင် အနည်းဆုံး လူ​၆ဦးထိ သေဆုံးခဲ့ရပြီး လူ၂၃ယောက်ထိဒဏ်ရာများ ရရှိကာ အစုလိုက် အပြုံလိုက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ ကပ်ရောဂါ covid 19 ကူးစက် ပျံ့နှံ့မှုများ အပြီးတွင် အမေရိကန် နိုင်ငံ၏ ချီကာဂို၊ ဝါရှင်တန်ပြည်နယ်၊ ပင်ဆယ်ဗေးနီးယား၊ စိန့်လူးဝစ်၊ ကယ်လီဖိုးနီးယားတောင်ပိုင်းနှင့် ဘော်လ်တီမိုးတို့တွင် ပစ်ခတ်အကြမ်းဖတ်မှုများ အရှိန်ပိုမိုမြင့်လာကြောင်း ကျွမ်းကျင်သူများက ပြီးခဲ့သည့် ဇွန်လ ၁၇ရက်နေ့က ပြောဆိုခဲ့ကြပြီး လွန်ခဲ့သည့်နှစ်များစွာအတွင်း အမေရိကန် နိုင်ငံအတွင်း လူသတ်မှုနှင့် အခြား အကြမ်းဖက်မှုများ ထက် ရာခိုင်နှုန်း ပိုမိုမြင့် တက်လာ ခဲ့တာလည်းဖြစ်တယ်လို့ သတင်းဌာန များက ဖော်ပြပြောဆိုနေကြတာလည်းဖြစ်ပါတယ်။