“တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသား တုံ့ပြန်သွား မယ်လို့ ဗြိတိန် နိုင်ငံအတွင်းရှိ တရုတ်သံရုံးက ထုတ်ပြန်ကြေညာခဲ့”

ဇွန် ၁၉

ဗြိတိန်နိုင်ငံရှိ တရုတ်နိုင်ငံ သံရုံးက တိုင်ပေ( ထိုင်ဝမ်) နိုင်ငံ နှင့် ဗြိတိန် နိုင်ငံတို့ကြား နှစ်နိုင်ငံ အဆက် အသွယ်အားလုံးကို ရပ်ဆိုင်းရန် လန်ဒန်( ဗြီတိန်)နိုင်ငံ ကို တောင်းဆိုခဲ့ တာဖြစ်ပါတယ်။

“ဗြိတိန်ဖက်က ထိုင်ဝမ် အစိုးရရဲ့ လူတချို့ကို ဗြိတိန်နိုင်ငံကို လာရောက်ခွင့်ပြုခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ကြပါတယ်။ ဒီလုပ်ရပ်ဟာ တရုတ်နိုင်ငံ၏ တစ်နိုင်ငံတည်း မူဝါဒနဲ့ နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာဖြစ်ပါတယ်”လို့ ဗြိတိန် နိုင်ငံရှိ တရုတ် သံရုံးမှ ပြောရေး ဆိုခွင့်ရှိ သူကပြီးခဲ့သည့် ဇွန်လ ၁၇ရက်နေ့က ပြောကြား ခဲ့တာလည်းဖြစ်ပါတယ်။

တရုတ်သံရုံးက ​ ဗြိတန် နိုင်ငံသည် ထိုင်ဝမ်နိုင်ငံ၏ ခွဲထွက်ရေး အဖွဲ့များထံ “မှားယွင်းသော အချက်ပြမှု” ပေးပို့ခဲ့ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခဲ့ကြောင်းကြေညာချက် စာတမ်းတစ်ခု ဖတ်ကြားခဲ့ပြီး အဆိုပါ လုပ်ရပ်အား ပေကျင်း(တရုတ်)နိုင်ငံ က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာပါလည်းဖြစ်တယ်လို့ အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသေးတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုနေကြတာလည်းဖြစ်ပါတယ်။